LG ကနေ လက်ရှိအချိန်မှာ Flagship ဖုန်းတွေအနေနဲ့ LG G Series နဲ့ V Series ဆိုပြီး ၂ မျိုး ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ LG ကနေ G Series စမတ်ဖုန်းတွေထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာပါ။

အခုလည်း မကြာခင်မိတ်ဆက်လာဖို့ရှိနေတဲ့ LG G9 စမတ်ဖုန်းဟာ Flagship ဖုန်းဖြစ်တော့မှာမဟုတ်ဘဲ Qualcomm Snapdragon 765 5G Processor ကိုပဲ အသုံးပြုလာတဲ့ High End ဖုန်းတစ်လုံးဖြစ်လာမှာပါ။ LG ရဲ့ ပြောကြားချက်အရတော့ အဆိုပါ LG G9 စမတ်ဖုန်းဟာ တခြားပြိုင်ဘက် 5G စမတ်ဖုန်းတွေနဲ့မတူညီတဲ့ ဖုန်းတစ်လုံးဖြစ််လာမယ်လို့သိရပါတယ်။

အဲ့ဒီအတွက် LG ကနေ Flagship အနေနဲ့ V Series စမတ်ဖုန်းတွေကိုပဲ အာရုံစိုက်လာမယ့်အပြင် ယခင် ၂၀၀၉ ခုနှစ်ဝန်းကျင်လောက်တုန်းက ထွက်ရှိခဲ့တဲ့ Design ပိုင်းကို ဦးစားပေးတဲ့ Chocolate Series ဖုန်းတွေကို ပြန်လည်အသက်သွင်းလာမယ်လို့ သိရပါတယ်။

အဆိုပါ LG ရဲ့ Chocolate Series ဖုန်းသစ်တွေဟာ V Series ဖုန်းတွေလိုမျိုး ကြီးမားတဲ့ Display ၊ Dual Screen Accessory ၊ 48MP Camera Setup ၊ 4000mAh Batteryy တွေပါဝင်မှာဖြစ်ပြီး ဒေါ်လာ ၇၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena