[Zawgyi]




Ref : gsmarena

[Unicode]

LG က အိန္ဒိယမှာ G8s ThinQ နဲ့ Q60 တို့ကို ရောင်းချ

LG က ဖုန်း အသစ် ၂ လုံးကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ G8s ThinQ နဲ့ Q60 တို့ ဖြစ်ပြီး G8s ThinQ ဟာ G8 ThinQ ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ G8s ThinQ မှာ G8 ThinQ မှာလို Snapdragon 855 ထည့်ထားပေမယ့် အနောက်ကင်မရာ ၃ လုံးက သိပ်မလန်းတော့ပါဘူး။ အရှေ့ကင်မရာကလည်း ဂွမ်းလာပါတယ်။ ဒါပေမယ့် Hand ID အတွက် ToF 3D Camera တော့ ပါတုန်းပါပဲ။ 1440p အစား 1080p Resolution သာ ပါလာပါတယ်။

G8s ThinQ မှာ ၆.၂၁ လက်မ 2248x1080p OLED Display , Qualcomm Snapdragon 855 , 6GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ အနောက်ကင်မရာ ၃ လုံးမှာ 12MP Wide-angle , 12MP Telephoto နဲ့ 13MP Ultra-wide တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP Camera နဲ့ ToF Sensor ထည့်ထားပါတယ်။ 3,550mAh Battery နဲ့ Android 9 ပါလာပါတယ်။ ရူပီး ၃၆,၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းလောက်ရှိပါတယ်။ အနက်ရောင်သာ ထုတ်လုပ်ထားပြီး ၂၉ ရက်နေ့က ရောင်းပေးလိုက်ပါပြီ။

LG Q60 ကတော့ တန်ဖိုးနည်း ဖုန်းလေး ဖြစ်ပါတယ်။ ၆.၂၆ လက်မ 1520x720p IPS LCD ထည့်သွင်းထားပါတယ်။ MediaTek Helio P22 Chipset မောင်းနှင်ထားပါတယ်။ 3GB RAM နဲ့ 64GB Storage တွေ ပါပါတယ်။ အနောက်ဘက်မှာ 16MP Main , 5MP Ultra-wide-angle နဲ့ 2MP Depth Sensor တွေ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 13MP Shooter တပ်ဆင်ထားပါတယ်။ 3,500mAh Battery နဲ့ Android 9 ပါပါတယ်။ ရူပီး ၁၃,၄၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းလောက်ပဲ ရှိပါတယ်။ နောက်လ ၁ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena