ဘက်စုံသုံးနိုင်တဲ့ Monitor တွေဟာ နိုင်ငံများစွာမှာ လျှင်မြန်စွာ ရေပန်းစားလာပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ LG ရဲ့ Monitor မှာ ဖြုတ်တပ်နိုင်တဲ့ Webcam ပါလာပြီး စွမ်းရည်ပြည့်စုံပါတယ်။ LG Libero 27BQ70QC ဟာ ၂၇ လက်မ မော်ဒယ် ဖြစ်ပြီး နည်းလမ်းမျိုးစုံနဲ့ နေရာချကာ အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်က 2.5K ဗီဒီယိုတွေကို ပြသနိုင်ပါတယ်။

LG Libero monitor

Libero 27BQ70QC ကို နေအိမ်နဲ့ ရုံးခန်းတွေမှာ အသုံးပြုနိုင်ပြီး Monitor ကို သုံးဖို့ ရွေးချယ်စရာ Option များစွာပါပါတယ်။ စမတ်တီဗီလို နေရာချထားနိုင်သလို Bracket ၂ ခုနဲ့ နံရံမှာ ချိတ်ကာ သုံးနိုင်ပါတယ်။ ဒါမှမဟုတ် Stand နဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဖြုတ်တပ်နိုင်တဲ့ FHD Webcam ဟာ Libero ရဲ့ Accessory တွေထဲက ၁ ခု ဖြစ်ပြီး ဗီဒီယို Call တွေအတွက် အသုံးပြုနိုင်ပါတယ်။

LG Libero monitor

အဆင့်မြင့် ဆော့ဖ်ဝဲကြောင့် Libero 27BQ70QC ကို ကြိုက်တဲ့ Orientation နဲ့ အသုံးပြုနိုင်ပြီး Orientation ပြောင်းလဲဖို့အတွက် Device ရဲ့ System Setting ကို ချိန်ညှိစရာ မလိုပါဘူး။

မျက်နှာပြင်က 2560×1440 Pixels Resolution ကို ပြသနိုင်ပြီး HDR 10 စွမ်းရည် ပါပါတယ်။ အမြင့်ဆုံး Brightness အနေနဲ့ 350 nits ကို ထောက်ပံ့ထားပြီး 1,000:1 Contrast Ratio ဖြစ်ပါတယ်။ HDMI နဲ့ USB-C Port တွေ တပ်ဆင်ထားပြီး Smart Monitor က ချိတ်ဆက်ထားတဲ့ Device ကို 65W အထိ အားသွင်းပေးနိုင်တာက အထင်ကြီးစရာကောင်းပါတယ်။ Libero 27BQ70QC ရဲ့ ဈေးနှုန်းနဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

Ref : gizmochina