Unicode

အခုနောက်ပိုင်း Flagship စမတ်ဖုန်းစျေးကွက်မှာဆိုရင် Samsung ၊ Huawei နဲ့ Apple လိုမျိုး စမတ်ဖုန်းတွေကပဲ ကြီးစိုးနေတာဖြစ်ပါတယ်။ တခြားသော LG နဲ့ Sony လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေကလည်း နှစ်စဥ် Flagship ဖုန်းတွေကို မိတ်ဆက်နေတယ်ဆိုပေမယ့် လူစိတ်ဝင်စားမှုနည်းပါးနေတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း ကြည့်ရတာ LG အနေနဲ့ ဒီနှစ်မှာတော့ Flagship စမတ်ဖုန်းစျေးကွက်ထဲကို တဖန်ပြန်ပြီး ဝင်ရောက်လာဖို့ရှိနေပြီးတော့ ဒါကလည်း မတူညီတဲ့ ချဥ်းကပ်ပုံနဲ့ ဖြစ်လာနိုင်ပါတယ်။

လက်ရှိအချိန်မှာ LG ကနေ V60 ThinQ 5G စမတ်ဖုန်းကို လာမယ့် ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် MWC 2020 Event မှာ ကြေညာသွားမယ်လို့ ပြောကြားထားပြီးတော့ အဆိုပါ V60 ThinQ 5G ဖုန်းအပြင် LG G9 ဖုန်းကိုပါ မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အဆိုပါ LG G9 ဖုန်းဟာ LG အတွက် နောက်ဆုံး G Series စမတ်ဖုန်းဖြစ်လာဖို့များနေပါတယ်။

ဘာကြောင့်လဲဆိုရင် LG ကနေ လာမယ့် ၂၀၂၁ ခုနှစ်ကစတင်ပြီးတော့ LG V Series စမတ်ဖုန်းတွေကို အနည်းဆုံး 10″ နဲ့အထက် ရှိတဲ့ Display တွေကို ထည့်သွင်းသွားမှာဖြစ်ပြီး Keyboard Accessory တွေနဲ့ပါ တွဲဖက်သွားမှာဖြစ်တဲ့အတွက် Laptop သို့မဟုတ် Tablet အနေနဲ့ ပြောင်းလဲသွားမှာလည်းဖြစ်ပါတယ်။

အဲ့ဒီအတွက် လက်ရှိ LG ရဲ့ ပုံမှန် Flagship G Series ဖုန်းတွေကိုလည်း G9 ပြီးရင် ထပ်မံထုတ်တော့မှာမဟုတ်ဘဲ နောက်ထပ်လုံးဝ Series အနေနဲ့ ယခုနှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်ထားတဲ့သတင်းတွေအရ အဆိုပါ Series အသစ် Flagship ဖုန်းတွေဟာ Samsung ၊ iPhone နဲ့ Pixel ဖုန်းတွေလိုမျိုး အကောင်းဆုံး Flagship ဖုန်းတွေနဲ့ အဓိကယှဥ်ပြိုင်ဖို့ ရည်ရွယ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ LG အနေနဲ့ Samsung ရဲ့ Foldable Phone တွေကို ယှဥ်ပြိုင်ဖို့အတွက် လက်ရှိ Dual Screen Technology ကိုအခြေခံထားတဲ့ Foldable ဖုန်းတွေကိုပါ ထုတ်လုပ်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

လောလောဆယ်ထွက်ရှိလာမယ့် LG G9 စမတ်ဖုန်းကတော့ Waterdrop Notch Display ၊ Quad Camera Setup အပြင် 3.5mm Audio Jack တွေပါဝင်လာမှာဖြစ်ပြီး Qualcomm Snapdragon 865 Processor ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – Gizmo China

Zawgyi

အခုေနာက္ပိုင္း Flagship စမတ္ဖုန္းေစ်းကြက္မွာဆိုရင္ Samsung ၊ Huawei နဲ႔ Apple လိုမ်ိဳး စမတ္ဖုန္းေတြကပဲ ႀကီးစိုးေနတာျဖစ္ပါတယ္။ တျခားေသာ LG နဲ႔ Sony လိုမ်ိဳး စမတ္ဖုန္းကုမၸဏီေတြကလည္း ႏွစ္စဥ္ Flagship ဖုန္းေတြကို မိတ္ဆက္ေနတယ္ဆိုေပမယ့္ လူစိတ္ဝင္စားမႈနည္းပါးေနတယ္လို႔ ေျပာလို႔ရပါတယ္။

ဒါေပမယ့္လည္း ၾကည့္ရတာ LG အေနနဲ႔ ဒီႏွစ္မွာေတာ့ Flagship စမတ္ဖုန္းေစ်းကြက္ထဲကို တဖန္ျပန္ၿပီး ဝင္ေရာက္လာဖို႔ရွိေနၿပီးေတာ့ ဒါကလည္း မတူညီတဲ့ ခ်ဥ္းကပ္ပုံနဲ႔ ျဖစ္လာႏိုင္ပါတယ္။

လက္ရွိအခ်ိန္မွာ LG ကေန V60 ThinQ 5G စမတ္ဖုန္းကို လာမယ့္ ေဖေဖာ္ဝါရီလမွာ ျပဳလုပ္မယ့္ MWC 2020 Event မွာ ေၾကညာသြားမယ္လို႔ ေျပာၾကားထားၿပီးေတာ့ အဆိုပါ V60 ThinQ 5G ဖုန္းအျပင္ LG G9 ဖုန္းကိုပါ မိတ္ဆက္လာႏိုင္ဖြယ္ရွိေနပါတယ္။ ဒါေပမယ့္ အဆိုပါ LG G9 ဖုန္းဟာ LG အတြက္ ေနာက္ဆုံး G Series စမတ္ဖုန္းျဖစ္လာဖို႔မ်ားေနပါတယ္။

ဘာေၾကာင့္လဲဆိုရင္ LG ကေန လာမယ့္ ၂၀၂၁ ခုႏွစ္ကစတင္ၿပီးေတာ့ LG V Series စမတ္ဖုန္းေတြကို အနည္းဆုံး 10″ နဲ႔အထက္ ရွိတဲ့ Display ေတြကို ထည့္သြင္းသြားမွာျဖစ္ၿပီး Keyboard Accessory ေတြနဲ႔ပါ တြဲဖက္သြားမွာျဖစ္တဲ့အတြက္ Laptop သို႔မဟုတ္ Tablet အေနနဲ႔ ေျပာင္းလဲသြားမွာလည္းျဖစ္ပါတယ္။

အဲ့ဒီအတြက္ လက္ရွိ LG ရဲ႕ ပုံမွန္ Flagship G Series ဖုန္းေတြကိုလည္း G9 ၿပီးရင္ ထပ္မံထုတ္ေတာ့မွာမဟုတ္ဘဲ ေနာက္ထပ္လုံးဝ Series အေနနဲ႔ ယခုႏွစ္ဝက္ေနာက္ပိုင္းမွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ လက္ရွိထြက္ေပၚထားတဲ့သတင္းေတြအရ အဆိုပါ Series အသစ္ Flagship ဖုန္းေတြဟာ Samsung ၊ iPhone နဲ႔ Pixel ဖုန္းေတြလိုမ်ိဳး အေကာင္းဆုံး Flagship ဖုန္းေတြနဲ႔ အဓိကယွဥ္ၿပိဳင္ဖို႔ ရည္႐ြယ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါတင္မဟုတ္ေသးဘဲ LG အေနနဲ႔ Samsung ရဲ႕ Foldable Phone ေတြကို ယွဥ္ၿပိဳင္ဖို႔အတြက္ လက္ရွိ Dual Screen Technology ကိုအေျခခံထားတဲ့ Foldable ဖုန္းေတြကိုပါ ထုတ္လုပ္သြားဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

ေလာေလာဆယ္ထြက္ရွိလာမယ့္ LG G9 စမတ္ဖုန္းကေတာ့ Waterdrop Notch Display ၊ Quad Camera Setup အျပင္ 3.5mm Audio Jack ေတြပါဝင္လာမွာျဖစ္ၿပီး Qualcomm Snapdragon 865 Processor ကို အသုံးျပဳလာမွာျဖစ္ပါတယ္။

Ref – Gizmo China