[Unicode]

LG ဟာ လာမယ့်ဖေဖော်ဝါရီလမှာ ဘာစီလိုနာ MWC (Mobile World Congress) အတွင်း သူ့ရဲ့ Flagship ဖြစ်တဲ့ V60 ThinQ ကို ပွဲထုတ်မယ်လို့ ကောလာဟလ ထွက်ထားပါတယ်။ ဒါပေမယ့် V60 ThinQ ကိုပွဲမထုတ်ခင်မှာ ကုမ္ပဏီဟာ Budget စမတ်ဖုန်းဖြစ်တဲ့ Neon Plus ကို မိတ်ဆက်ပေးလာဖွယ် ရှိနေပါတယ်။

Neon Plus ရဲ့ ရုပ်ပုံတွေကတော့ ပေါက်ကြားလာခဲ့ပြီမို့ မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ မြင်တွေ့နေရပါပြီ။ အပြာရောင်ကိုယ်ထည်နဲ့ Neon Plus ဟာ ဒီဇိုင်းပိုင်းမှာတော့ သိပ်ပြီးထူးခြားသွားခြင်းမရှိဘဲ လွန်ခဲ့တဲ့ ၂၀၁၆ လောက်က ဒီဇိုင်းနဲ့တောင် တူနေပါတယ်။ ဘေးနှစ်ဖက် Bezel တွေကလည်း ခပ်ထူထူပဲဖြစ်ပြီး၊ အပေါ်နဲ့အောက်ကလည်း ၂၀၂၀ နဲ့ ဘယ်လိုမှ မအပ်စပ်လောက်အောင် ထူထဲနေတယ်လို့ပဲ ဆိုရမှာပါ။

Render အရဆိုရင်တော့ Neon Plus ဟာ ကျောဘက်မှာ 8MP ကင်မရာတစ်လုံးတည်း တပ်ဆင်ပေးထားမှာပါ။ အရှေ့ဘက်က Selfie ကင်မရာကတော့ 5MP လို့ သိရပါတယ်။ ညာဘက်ခြမ်းမှာတော့ ပါဝါခလုတ်ကို တပ်ဆင်ပေးထားပြီး အသံအတိုးအချဲ့ခလုတ်နဲ့ Google Assistant ခလုတ်တွေကတော့ ဟန်းဆက်ရဲ့ ဘယ်ဘက်ဘေးခြမ်းမှာ တပ်ဆင်ပေးထားတာပါ။

တန်ဖိုးနည်းဟန်းဆက် ဖြစ်တဲ့အလျောက် Micro USB ပေါက်ပဲ ပါဝင်မှာပါ။ 3.5mm headphone ပေါက်၊ စပီကာတို့ကတော့ ဟန်းဆက်ရဲ့ အောက်ခြေဘက်မှာ ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ ကျန်တဲ့အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ Processor, RAM, မျက်နှာပြင်အရွယ်အစားနဲ့ အမျိုးအစား၊ ဘက်ထရီပမာဏ စတာတွေရဲ့ အချက်အလက်တွေကတော့ အခုထိ မသိရသေးဘဲ ရှိနေပါသေးတယ်။

Lock screen မှာတွေ့ရတဲ့နေ့စွဲကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ဖြစ်ပေမယ့် LG ဟာ ဒီဟန်းဆက်ကို လာမယ့်လ၊ Consumer Electronics Show (CES) မှာ တရားတင်ကြေညာသွားဖွယ်ရှိတယ်လို့ မှန်းဆမှုတွေ ထွက်ပေါ်နေပါတယ်။

Ref: GSM Arena

[Zawgyi]

LG ရဲ႕ တန္ဖိုးနည္းဖုန္းျဖစ္တဲ့ Neon Plus ကို လာမယ့္ CES မွာ ေၾကညာဖြယ္ရွိေန

LG ဟာ လာမယ့္ေဖေဖာ္ဝါရီလမွာ ဘာစီလိုနာ MWC (Mobile World Congress) အတြင္း သူ႔ရဲ႕ Flagship ျဖစ္တဲ့ V60 ThinQ ကို ပြဲထုတ္မယ္လို႔ ေကာလာဟလ ထြက္ထားပါတယ္။ ဒါေပမယ့္ V60 ThinQ ကိုပြဲမထုတ္ခင္မွာ ကုမၸဏီဟာ Budget စမတ္ဖုန္းျဖစ္တဲ့ Neon Plus ကို မိတ္ဆက္ေပးလာဖြယ္ ရွိေနပါတယ္။

Neon Plus ရဲ႕ ႐ုပ္ပုံေတြကေတာ့ ေပါက္ၾကားလာခဲ့ၿပီမို႔ မီဒီယာေတြရဲ႕ စာမ်က္ႏွာထက္မွာ ျမင္ေတြ႕ေနရပါၿပီ။ အျပာေရာင္ကိုယ္ထည္နဲ႔ Neon Plus ဟာ ဒီဇိုင္းပိုင္းမွာေတာ့ သိပ္ၿပီးထူးျခားသြားျခင္းမရွိဘဲ လြန္ခဲ့တဲ့ ၂၀၁၆ ေလာက္က ဒီဇိုင္းနဲ႔ေတာင္ တူေနပါတယ္။ ေဘးႏွစ္ဖက္ Bezel ေတြကလည္း ခပ္ထူထူပဲျဖစ္ၿပီး၊ အေပၚနဲ႔ေအာက္ကလည္း ၂၀၂၀ နဲ႔ ဘယ္လိုမွ မအပ္စပ္ေလာက္ေအာင္ ထူထဲေနတယ္လို႔ပဲ ဆိုရမွာပါ။

Render အရဆိုရင္ေတာ့ Neon Plus ဟာ ေက်ာဘက္မွာ 8MP ကင္မရာတစ္လုံးတည္း တပ္ဆင္ေပးထားမွာပါ။ အေရွ႕ဘက္က Selfie ကင္မရာကေတာ့ 5MP လို႔ သိရပါတယ္။ ညာဘက္ျခမ္းမွာေတာ့ ပါဝါခလုတ္ကို တပ္ဆင္ေပးထားၿပီး အသံအတိုးအခ်ဲ႕ခလုတ္နဲ႔ Google Assistant ခလုတ္ေတြကေတာ့ ဟန္းဆက္ရဲ႕ ဘယ္ဘက္ေဘးျခမ္းမွာ တပ္ဆင္ေပးထားတာပါ။

တန္ဖိုးနည္းဟန္းဆက္ ျဖစ္တဲ့အေလ်ာက္ Micro USB ေပါက္ပဲ ပါဝင္မွာပါ။ 3.5mm headphone ေပါက္၊ စပီကာတို႔ကေတာ့ ဟန္းဆက္ရဲ႕ ေအာက္ေျခဘက္မွာ ထည့္သြင္းေပးထားတာကို ေတြ႕ရပါတယ္။ က်န္တဲ့အဓိကအစိတ္အပိုင္းေတြျဖစ္တဲ့ Processor, RAM, မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ အမ်ိဳးအစား၊ ဘက္ထရီပမာဏ စတာေတြရဲ႕ အခ်က္အလက္ေတြကေတာ့ အခုထိ မသိရေသးဘဲ ရွိေနပါေသးတယ္။

Lock screen မွာေတြ႕ရတဲ့ေန႔စြဲကေတာ့ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔ျဖစ္ေပမယ့္ LG ဟာ ဒီဟန္းဆက္ကို လာမယ့္လ၊ Consumer Electronics Show (CES) မွာ တရားတင္ေၾကညာသြားဖြယ္ရွိတယ္လို႔ မွန္းဆမႈေတြ ထြက္ေပၚေနပါတယ္။

Ref: GSM Arena