အခုနောက်ပိုင်း စမတ်ဖုန်းတွေက သာမန် Design အပြင် Foldable နဲ့ Dual Screen ပိုင်းကို ပိုပြီးအာရုံစိုက်လာကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း OPPO ကနေ Rollable Display ပါဝင်တဲ့ OPPO X 2021 Concept Phone ကို မိတ်ဆက်ခဲ့ပါတယ်။

ဒီလိုမျိုး လိပ်သိမ်းနိုင်တဲ့ Display ဟာ LG Display ကနေ High-end Signature TV အနေနဲ့ မိတ်ဆက်ထားပြီးဖြစ်သလို စျေးကွက်ထဲမှာလည်း ရောင်းချနေပြီဖြစ်ပါတယ်။ အခုလည်း LG ကနေ ဒီလိုမျိုး Rollable Display ကို TV တင်မဟုတ်ဘဲ နောက်ထပ် Device တစ်ခုမှာ အသုံးပြုလာတော့မှာပါ။

ဒါကတော့ Laptop ပဲဖြစ်ပြီး LG ကနေ မူပိုင်ခွင့်ရယူလိုက်တဲ့ Design အရ အဆိုပါ Laptop မှာ Rollable Display ကိုအသုံးပြုထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Display Size ကို အနည်းဆုံး 13.3″ ကနေ အများဆုံး 17″ အထိ စိတ်ကြိုက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အသုံးမပြုတဲ့အချိန်မှာတော့ Display က လိပ်ပြီး သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာ ASUS ကနေ Dual Screen ပါဝင်တဲ့ Laptop တွေကို မိတ်ဆက်နေတယ်ဆိုပေမယ့်လည်း အခုလိုမျိုး လိပ်သိမ်းနိုင်တဲ့ Display နဲ့ Laptop ကတော့ အခုထိ မိတ်ဆက်ရခြင်းမရှိသေးပါဘူး။ ဒီနည်းပညာက နေရာပေါ်မှုတည်ပြီး အဆင်ပြေတဲ့ Display Size ကို အသုံးပြုနိုင်မယ့်အပြင် Display Panel ထိခိုက်မှုမရှိအောင်လည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း LG ကနေ မူပိုင်ခွင့်ပဲ ရယူရသေးတာဖြစ်တဲ့အတွက် တကယ်တမ်းစျေးကွက်မှာ မိတ်ဆက်လာဖို့ကတော့ အချိန်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – GSM Arena