[Unicode]

LG ဟာ အခုအချိန်ထိ သူတို့ရဲ့ ပထမဆုံး Foldable ဖုန်းအကြောင်းကို ကြေညာခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ လတွေတုန်းကတော့ တောင်ကိုရီးယားရဲ့ နည်းပညာကုမ္ပဏီကြီးဟာ Foldable အတွက် မူပိုင်ခွင့်လျောက်ထားခဲ့ပါတယ်။

စက်တင်ဘာလတုန်းက LG ဟာ Rollable display နဲ့ ဖုန်းဒီဇိုင်းကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ စမတ်ဖုန်းရဲ့ မျက်နှာပြင်ကို တိုးချဲ့ပြီး Tablet အဖြစ် ပြောင်းလဲနိုင်တဲ့ဒီဇိုင်းကို မူပိုင်ခွင့်တင်ခဲ့ပြန်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ Huawei Mate X နဲ့ ဒီဇိုင်းချင်းဆင်တဲ့ အပြင်ဘက်ခေါက်ထားတဲ့ပုံစံဖြစ်ပါတယ်။

ဒီသတင်းကို ဖော်ပြထားတာက LetsGoDigital ပါ။ မူပိုင်ခွင့်ရုပ်ပုံကပြသနေတာဟာ Device မှာ ကင်မရာသုံးလုံးပါဝင်နေတာကိုပါပဲ။ ခေါက်ချိုးထားချိန်မှာ မျက်နှာပြင်နဲ့လွတ်တဲ့ ဘယ်ဘက်အစွန်းမှာဖြစ်ပါတယ်။ ခေါက်မထားဘဲ ဖြန့်ထားချိန်မှာတော့ ဒီကင်မရာတွေဟာ Selfie ကင်မရာတွေအဖြစ် အသုံးပြုနိုင်မှာပါ။ ခေါက်ထားချိန်မှာတော့ ကျောဘက်ကင်မရာအနေနဲ့ အသုံးပြုနိုင်မှာပါ။

ဒီဇိုင်းရဲ့ မူပိုင်ခွင့်ကိုတော့ ၂၀၁၉ ခုနှစ် မေလကတည်းက တင်ထားခဲ့တာလို့ သိရပါတယ်။ ထုတ်ဖော်ပြသတာကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းကမှပါ။ LG ဟာ ဒီ ၂၀၁၉ ခုနှစ်ထဲမှာ သူတို့ရဲ့ Foldable ဖုန်းကို ထုတ်လုပ်သွားမှာမဟုတ်ဘူးလို့ Mobile Division Head ဖြစ်သူ Brain Kwon က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လက်ရှိအခြေအနေအရတော့ LG ရဲ့ Foldable ဖုန်းကို လာမယ့် ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း ဈေးကွက်ထဲမှာ တွေ့မြင်ရဖွယ်မရှိဘူးလို့ ယူဆရပါတယ်။ ထွက်လာရင်လည်း 5G အသုံးပြုနိုင်တဲ့ Foldable ဖြစ်လာဖွယ်ရှိပါတယ်။

Ref: Gizmochina

[Zawgyi]

ကင္မရာသုံးလုံးနဲ႔ LG ရဲ႕ Foldable ဖုန္းမူပိုင္ခြင့္႐ုပ္ပုံမ်ား ေပၚထြက္လာ

LG ဟာ အခုအခ်ိန္ထိ သူတို႔ရဲ႕ ပထမဆုံး Foldable ဖုန္းအေၾကာင္းကို ေၾကညာျခင္းမရွိေသးပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ လေတြတုန္းကေတာ့ ေတာင္ကိုရီးယားရဲ႕ နည္းပညာကုမၸဏီႀကီးဟာ Foldable အတြက္ မူပိုင္ခြင့္ေလ်ာက္ထားခဲ့ပါတယ္။

စက္တင္ဘာလတုန္းက LG ဟာ Rollable display နဲ႔ ဖုန္းဒီဇိုင္းကို မူပိုင္ခြင့္တင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လတုန္းကေတာ့ စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္ကို တိုးခ်ဲ႕ၿပီး Tablet အျဖစ္ ေျပာင္းလဲႏိုင္တဲ့ဒီဇိုင္းကို မူပိုင္ခြင့္တင္ခဲ့ျပန္ပါတယ္။ ေနာက္ဆုံးတစ္ခုကေတာ့ Huawei Mate X နဲ႔ ဒီဇိုင္းခ်င္းဆင္တဲ့ အျပင္ဘက္ေခါက္ထားတဲ့ပုံစံျဖစ္ပါတယ္။

ဒီသတင္းကို ေဖာ္ျပထားတာက LetsGoDigital ပါ။ မူပိုင္ခြင့္႐ုပ္ပုံကျပသေနတာဟာ Device မွာ ကင္မရာသုံးလုံးပါဝင္ေနတာကိုပါပဲ။ ေခါက္ခ်ိဳးထားခ်ိန္မွာ မ်က္ႏွာျပင္နဲ႔လြတ္တဲ့ ဘယ္ဘက္အစြန္းမွာျဖစ္ပါတယ္။ ေခါက္မထားဘဲ ျဖန႔္ထားခ်ိန္မွာေတာ့ ဒီကင္မရာေတြဟာ Selfie ကင္မရာေတြအျဖစ္ အသုံးျပဳႏိုင္မွာပါ။ ေခါက္ထားခ်ိန္မွာေတာ့ ေက်ာဘက္ကင္မရာအေနနဲ႔ အသုံးျပဳႏိုင္မွာပါ။

ဒီဇိုင္းရဲ႕ မူပိုင္ခြင့္ကိုေတာ့ ၂၀၁၉ ခုႏွစ္ ေမလကတည္းက တင္ထားခဲ့တာလို႔ သိရပါတယ္။ ထုတ္ေဖာ္ျပသတာကေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၉ ရက္ေန႔တုန္းကမွပါ။ LG ဟာ ဒီ ၂၀၁၉ ခုႏွစ္ထဲမွာ သူတို႔ရဲ႕ Foldable ဖုန္းကို ထုတ္လုပ္သြားမွာမဟုတ္ဘူးလို႔ Mobile Division Head ျဖစ္သူ Brain Kwon က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

လက္ရွိအေျခအေနအရေတာ့ LG ရဲ႕ Foldable ဖုန္းကို လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ပထမႏွစ္ဝက္အတြင္း ေဈးကြက္ထဲမွာ ေတြ႕ျမင္ရဖြယ္မရွိဘူးလို႔ ယူဆရပါတယ္။ ထြက္လာရင္လည္း 5G အသုံးျပဳႏိုင္တဲ့ Foldable ျဖစ္လာဖြယ္ရွိပါတယ္။

Ref: Gizmochina