[Zawgyi]

ၿပိဳင္ဆိုင္မႈေတြ ျပင္းထန္လြန္းတဲ့ စမတ္ဖုန္းေလာကမွာ LG ကလည္း သူ႔ရဲ႕အမွတ္တံဆိပ္နဲ႔ စမတ္ဖုန္းေတြ ဆက္လက္ရွင္သန္က်န္ရစ္ေနဖို႔႔ အျပင္းအထန္ ႀကိဳးပမ္းေနရပါတယ္။ တစ္ႏိုင္ငံတည္းသားကုမၸဏီႀကီး Samsung က ေဈးကြက္ကို ဦးေဆာင္ထားေပမယ့္ LG ကေတာ့ ထိပ္ဆုံးေနရာနဲ႔ အလွမ္းေဝးေနေသးတာ ျဖစ္ပါတယ္။

LG Electronics တစ္ခုလုံးရဲ႕ တတိသုံးလပတ္ ဘ႑ာေရးအေျခအေန ေၾကညာမႈမွာ ဇူလိုင္နဲ႔ စက္တင္ဘာလၾကား ေရာင္းအားဟာ အျမင့္မားဆုံးျဖစ္ခဲ့ၿပီး ၁၀ ႏွစ္တာကာလအတြင္း အေကာင္းဆုံးအျမတ္အစြန္း ရွာေဖြႏိုင္မႈလည္း ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ မိုလ္ဘိုင္းဌာနအေနနဲ႔ဆိုရင္ေတာ့ ႏွစ္စဥ္ေရာင္းအားမွာ ၂၄.၅% အထိ က်ဆင္းသြားတာကို ေတြ႕ျမင္ရပါတယ္။ ဒါေပမယ့္လည္း လုပ္ငန္းလည္ပတ္မႈဆုံးရႈံးျခင္းကို $268 သန္း ကေန $138.2 သန္းအထိ ေလွ်ာ့ခ်ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

စမတ္ဖုန္းေရာင္းအား က်ဆင္းေနရျခင္းအေၾကာင္းရင္းဟာ ကမာၻ႔စမတ္ဖုန္းေဈးကြက္ရဲ႕ စိန္ေခၚမႈေတြေၾကာင့္သာ ျဖစ္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္လည္း LG အေနနဲ႔ လာမယ့္ နည္းပညာေလာကသစ္မွာ 5G ထုတ္ကုန္ေတြကို ဆက္လက္ေရာင္းခ်ဖို႔ ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္။

LG ေရာင္းခ်မႈအေတာ္မ်ားမ်ားဟာ ျပည္တြင္းေဈးကြက္ကိုသာ မွီခိုအားထားေနရတာ ျဖစ္ၿပီး၊ လုပ္ငန္းဆုံးရႈံးမႈကို ၁၉.၄% ကေန ၁၀.၆% အထိ ေလွ်ာ့ခ်ေပးႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီလိုေလွ်ာ့ခ်ႏိုင္ခဲ့ေပမယ့္လည္း အနီေရာင္နယ္ေျမထဲမွာပဲ က်န္ရွိေနေသးတာျဖစ္ၿပီး ေကာင္းမြန္တယ္လို႔ ေျပာလို႔မရႏိုင္ေသးတဲ့ အေျခအေနလည္း ျဖစ္ပါတယ္။ လာမယ့္ အားလပ္ရက္ရာသီမွာေတာ့ LG ဟာ ထုတ္ကုန္သစ္ေတြနဲ႔အတူ ေဈးႏႈန္းခ်င္းယွဥ္ၿပိဳင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ကုမၸဏီဟာ LG G8X ThinQ ေပၚမွာ ေမွ်ာ္လင့္ခ်က္ထားေနတယ္လို႔လည္း သိရပါတယ္။

Ref: GSM Arena

[Unicode]

တတိယသုံးလပတ်ဘဏ္ဍာရေးကြေညာမှုမှာ စမတ်ဖုန်းရောင်းအား ၂၅ရာခိုင်နှုန်းနီးပါး ကျဆင်းနေတဲ့ LG

ပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းတဲ့ စမတ်ဖုန်းလောကမှာ LG ကလည်း သူ့ရဲ့အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေ ဆက်လက်ရှင်သန်ကျန်ရစ်နေဖို့အပြင်းအထန် ကြိုးပမ်းနေရပါတယ်။ တစ်နိုင်ငံတည်းသားကုမ္ပဏီကြီး Samsung က ဈေးကွက်ကို ဦးဆောင်ထားပေမယ့် LG ကတော့ ထိပ်ဆုံးနေရာနဲ့ အလှမ်းဝေးနေသေးတာ ဖြစ်ပါတယ်။

LG Electronics တစ်ခုလုံးရဲ့ တတိသုံးလပတ် ဘဏ္ဍာရေးအခြေအနေ ကြေညာမှုမှာ ဇူလိုင်နဲ့ စက်တင်ဘာလကြား ေရာင်းအားဟာ အမြင့်မားဆုံးဖြစ်ခဲ့ပြီး ၁၀ နှစ်တာကာလအတွင်း အကောင်းဆုံးအမြတ်အစွန်း ရှာဖွေနိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မိုလ်ဘိုင်းဌာနအနေနဲ့ဆိုရင်တော့ နှစ်စဉ်ရောင်းအားမှာ ၂၄.၅% အထိ ကျဆင်းသွားတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းလည်ပတ်မှုဆုံးရှုံးခြင်းကို $268 သန်း ကနေ $138.2 သန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းရောင်းအား ကျဆင်းနေရခြင်းအကြောင်းရင်းဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ စိန်ခေါ်မှုတွေကြောင့်သာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့်လည်း LG အနေနဲ့ လာမယ့် နည်းပညာလောကသစ်မှာ 5G ထုတ်ကုန်တွေကို ဆက်လက်ရောင်းချဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

LG ရောင်းချမှုအတော်များများဟာ ပြည်တွင်းဈေးကွက်ကိုသာ မှီခိုအားထားနေရတာ ဖြစ်ပြီး၊ လုပ်ငန်းဆုံးရှုံးမှုကို ၁၉.၄% ကနေ ၁၀.၆% အထိ လျှော့ချပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလိုလျှော့ချနိုင်ခဲ့ပေမယ့်လည်း အနီရောင်နယ်မြေထဲမှာပဲ ကျန်ရှိနေသေးတာဖြစ်ပြီး ကောင်းမွန်တယ်လို့ ပြောလို့မရနိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ လာမယ့် အားလပ်ရက်ရာသီမှာတော့ LG ဟာ ထုတ်ကုန်သစ်တွေနဲ့အတူ ဈေးနှုန်းချင်းယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ကုမ္ပဏီဟာ LG G8X ThinQ ပေါ်မှာ မျှော်လင့်ချက်ထားနေတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena