LG ကနေ Japan ရဲ့ Mobile Operator ဖြစ်တဲ့ DoCoMo နဲ့အတူ Mid Range ဖုန်းသစ်တစ်လုံးဖြစ်တဲ့ LG Style3 ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါဖုန်းကို JPY 38,000 (မြန်မာငွေ ၅ သိန်းဝန်းကျင်) နဲ့ လာမယ့်ဇွန်လမှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

LG Style3 စမတ်ဖုန်းဟာ တခြားသော Mid Range ဖုန်းတွေနဲ့မတူညီဘဲ ထူးခြားနေတဲ့အချက်ကတော့ Processor ပိုင်းမှာ Mid Range Processor တွေအစား ပြီးခဲ့တဲ့ ၂ နှစ်တုန်းက Flagship Processor တစ်ခုဖြစ်တဲ့ Qualcomm Snapdragon 845 Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Performance ပိုင်းမှာ လက်ရှိ Mid Range ဖုန်းတွေထက်တောင် ပိုကောင်းတယ်လို့ ပြောရမှာပါ။

ဒါပေမယ့် RAM အနေနဲ့တော့ 4GB ပဲပါဝင်မှာဖြစ်ပြီး Storage အနေနဲ့လည်း 64GB ပဲပါဝင်မှာဖြစ်ပါတယ်။ MicroSD Card Slot ပါဝင်ပြီးတေ့ာ 512GB အထိ ထပ်မံတိုးချဲ့နိုင်တယ်လို့ သိရပါတယ်။

Display အနေနဲ့တော့ QHD+ Resolution ရှိတဲ့ 6.1″ Display ကို အသုံးပြုပေးထားပါတယ်။ Camera ပိုင်းအနေနဲ့တော့ 48MP Primary Sensor နဲ့ 5MP Depth Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး Front Selfie Camera အနေနဲ့ကတော့ 8MP Sensor ပဲပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 3500mAh Battery ပါဝင်မှာဖြစ်ပြီး IP68 Water Resistant Feature လည်းပါဝင်ဦးမှာပါ။

အဆိုပါ LG Style3 စမတ်ဖုန်းဟာ Global စျေးကွက်ကို ဝင်ရောက်ဖို့ကတော့ မကျိန်းသေပေမယ့် ဒီလိုမျိုး အရင်တုန်းက Flagship Processor ကိုသုံးစွဲထားပြီး Mid Range ဖုန်းအနေနဲ့ထုတ်တာက စိတ်ဝင်စားဖို့ကောင်းတဲ့နည်းလမ်းတစ်ခုလို့ ပြောရမှာပါ။

Ref – GSM Arena