Zawgyi

Samsung နဲ႔ Huawei တုိ႔က Foldable ဖုန္းေခတ္ကို Galaxy Fold , Mate X စတာေတြနဲ႔ အၿပိဳင္ဖြင့္လွစ္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ေတာင္ကိုရီးယားအေျခစုိက္ LG ကေတာ့ အနည္းငယ္ကြဲျပားစြာ ခ်ဥ္းကပ္လာပါတယ္။

LG က ၿပီးခဲ့တဲ့ႏွစ္မွာ LG V50 ThinQ ကို မိတ္ဆက္ခဲ့စဥ္မွာ ဖုန္းေပၚမွာ Screen တစ္ခုပါတဲ့ Case ကို ကပ္ၿပီး Foldable ဖုန္းလိုလုိ ျဖစ္ေအာင္ ျပဳလုပ္ခဲ့တယ္။ Dual Screen Folio ကာဗာဟာ 6.2” လက္မအရြယ္ OLED Panel တစ္ခုနဲ႔ ထြက္လာခဲ့ၿပီး သုံးစြဲသူေတြကို Multitasking, Gaming နဲ႔ ဓါတ္ပုံရုိက္ကူးရာမွာ ဒုတိယ ျမင္ကြင္းအျဖစ္ အသုံးျပဳႏုိင္ဖို႔ ကူညီေပးခဲ့ပါတယ္။

အခုအခါမွာေတာ့ LG ဟာ V60 ThinQ ကို ဆက္လက္ထုတ္လုပ္ဖို႔ႀကိဳးစားေနၿပီး လာမယ့္စက္တင္ဘာမွာ က်င္းပမယ့္ IFA ဘာလင္ျပပြဲမွာ ခ်ျပသြားမယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ ကုမၸဏီဟာ စက္တင္ဘာထိ မေစာင့္ဆုိင္းႏုိင္ဘဲ ဒုတိယ Screen နဲ႔ပတ္သက္တဲ့ Teaser ဗီဒီယုိ အတုိေလးတစ္ခုကို ခ်ျပလိုက္ပါၿပီ။

ဒီဗီဒီယိုေလးကို ၾကည့္လိုက္ရင္ မူလဖုန္းရဲ႕မ်က္ႏွာျပင္နဲ႔ အတူတူေလာက္ရွိတဲ့ ဒုတိယ Screen ကို ရွင္းလင္းစြာ ျမင္ရမွာပါ။ ဒါဟာ မႏွစ္က ဟန္းဆက္မွာ ပါဝင္ခဲ့တဲ့ ပိုေသးငယ္တဲ့ ဒုတိယ Display ထက္ေတာ့ ပိုၿပီး တုိးတက္လာတာျဖစ္ပါတယ္။ ဒါ့အျပင္ ဒုတိယမ်ဳိးဆက္ Display မ်က္ႏွာျပင္ရဲ႕ အျပင္ဘက္ Case ဟာ အခ်ိန္နဲ႔ ႏုိတီေတြကို ျပသေပးဖို႔ Panel အေသးေလးတစ္ခုပါ ပါတာကို ေတြ႕ရမွာပါ။

ဗီဒီယုိထဲမွာ ဒါတင္မကေသးဘဲ IFA Berlin 2019 ဆုိတဲ့ စာသားကိုပါ ျမင္ရမွာျဖစ္ၿပီး လာမယ့္ စက္တင္ဘာ ၆ ရက္ေန႔က်ရင္ ဘာလင္ၿမိဳ႕မွာ LG ရဲ႕ ဒုတိယမ်ဳိးဆက္ဖုန္းကို စိတ္လႈပ္ရွားစရာ ျမင္ေတြ႕ႏုိင္ေတာ့မွာပါ။

Ref – GSM Arena

Unicode

Samsung နဲ့ Huawei တို့က Foldable ဖုန်းခေတ်ကို Galaxy Fold နဲ့ Mate X စတာတွေနဲ့ အပြိုင်ဖွင့်လှစ်ဖို့ ကြိုးစားနေချိန်မှာ တောင်ကိုရီးယားအခြေစိုက် LG ကတော့ အနည်းငယ်ကွဲပြားစွာ ချဉ်းကပ်လာပါတယ်။

LG က ပြီးခဲ့တဲ့နှစ်မှာ LG V50 ThinQ ကို မိတ်ဆက်ခဲ့စဉ်မှာ ဖုန်းပေါ်မှာ Screen တစ်ခုပါတဲ့ Case ကို ကပ်ပြီး Foldable ဖုန်းလိုလို ဖြစ်အောင် ပြုလုပ်ခဲ့တယ်။ Dual Screen Folio ကာဗာဟာ 6.2” လက်မအရွယ် OLED Panel တစ်ခုနဲ့ ထွက်လာခဲ့ပြီး သုံးစွဲသူတွေကို Multitasking, Gaming နဲ့ ဓါတ်ပုံရိုက်ကူးရာမှာ ဒုတိယ မြင်ကွင်းအဖြစ် အသုံးပြုနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။

အခုအခါမှာတော့ LG ဟာ V60 ThinQ ကို ဆက်လက်ထုတ်လုပ်ဖို့ကြိုးစားနေပြီး လာမယ့်စက်တင်ဘာမှာ ကျင်းပမယ့် IFA ဘာလင်ပြပွဲမှာ ချပြသွားမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ စက်တင်ဘာထိ မစောင့်ဆိုင်းနိုင်ဘဲ ဒုတိယ Screen နဲ့ပတ်သက်တဲ့ Teaser ဗီဒီယို အတိုလေးတစ်ခုကို ချပြလိုက်ပါပြီ။

ဒီဗီဒီယိုလေးကို ကြည့်လိုက်ရင် မူလဖုန်းရဲ့မျက်နှာပြင်နဲ့ အတူတူလောက်ရှိတဲ့ ဒုတိယ Screen ကို ရှင်းလင်းစွာ မြင်ရမှာပါ။ ဒါဟာ မနှစ်က ဟန်းဆက်မှာ ပါဝင်ခဲ့တဲ့ ပိုသေးငယ်တဲ့ ဒုတိယ Display ထက်တော့ ပိုပြီး တိုးတက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယမျိုးဆက် Display မျက်နှာပြင်ရဲ့ အပြင်ဘက် Case ဟာ အချိန်နဲ့ နိုတီတွေကို ပြသပေးဖို့ Panel အသေးလေးတစ်ခုပါ ပါတာကို တွေ့ရမှာပါ။

ဗီဒီယိုထဲမှာ ဒါတင်မကသေးဘဲ IFA Berlin 2019 ဆိုတဲ့ စာသားကိုပါ မြင်ရမှာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၆ ရက်နေ့ကျရင် ဘာလင်မြို့မှာ LG ရဲ့ ဒုတိယမျိုးဆက်ဖုန်းကို စိတ်လှုပ်ရှားစရာ မြင်တွေ့နိုင်တော့မှာပါ။

Ref – GSM Arena