[Zawgyi]

ေတာင္ကိုရီးယားရဲ႕ နည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ LG ဟာ ေတာင္ကိုရီးယားရဲ႕ စက္႐ုံမွာ ထုတ္လုပ္မႈေတြ ရပ္ဆိုင္းဖို႔ စီစဥ္ေနတယ္လို႔ Reuters သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ဒီလိုရပ္ဆိုင္းရမယ့္ အေၾကာင္းရင္းကေတာ့ LG ဟာ သူတို႔ရဲ႕ထုတ္လုပ္မႈေတြကို ဗီယက္နမ္မွာရွိတဲ့ စက္႐ုံဆီေျပာင္းေ႐ႊ႕ဖို႔ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒီသတင္းဟာ Yonhap သတင္းေအဂ်င္စီကတစ္ဆင့္ ထြက္ေပၚလာတာျဖစ္ေပမယ့္ မူလပထမရင္းျမစ္ကေတာ့ အမည္မသိရွိရဘဲ ျဖစ္ေနပါတယ္။ ေတာင္ကိုရီးယားစက္႐ုံမွာ ထုတ္လုပ္ျခင္းေတြရပ္ဆိုင္းၿပီး ဗီယက္နက္မွာေျပာင္းလဲထုတ္လုပ္ရျခင္း အေၾကာင္းရင္းက ထုတ္လုပ္မႈစရိတ္ ပိုမိုသက္သာျခင္းေၾကာင့္ျဖစ္တယ္လို႔ သတင္းရင္းျမစ္က ေျပာဆိုခဲ့ပါတယ္။

LG ရဲ႕ စမတ္ဖုန္းဌာနဟာ ၿပီးခဲ့တဲ့ ၄ ႏွစ္ဆက္တိုက္နီးပါးမွာ ထိခိုက္ခဲ့တဲ့ ေငြေၾကးကုန္က်မႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အခုလိုစီစဥ္ရတာျဖစ္ႏိုင္တယ္လို႔လည္း သုံးသပ္ရပါတယ္။ ထြက္ေပၚလာတဲ့ သတင္းဟာ တိက်ျပည္စုံျခင္းမရွိေပမယ့္ LG စမတ္ဖုန္း ဌာနရဲ႕ လက္ရွိရင္ဆိုင္ေနရတဲ့ ဘ႑ာေရးဆုံးရႈံးမႈေတြက ဒီသတင္းကို မွန္ကန္မႈရွိတယ္လို႔ မွတ္ယူႏိုင္ေအာင္ တြန္းပို႔ေနတာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလဆန္းပိုင္းကတည္းက LG ရဲ႕ CEO ျဖစ္သူ Qiao Yujin က ကုမၸဏီအေနနဲ႔ မိုလ္ဘိုင္းဖုန္းထုတ္လုပ္မႈလုပ္ငန္းကို ဘယ္နည္းနဲ႔မွ စြန႔္ခြာသြားမွာမဟုတ္ဘူးလို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါေသးတယ္။ လက္ရွိအခ်ိန္မွာလည္း LG ဟာ တ႐ုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီေတြရဲ႕ နည္းပါးတဲ့ေဈးႏႈန္းကို ယွဥ္ၿပိဳင္ဖို႔ ႐ုန္းကန္ေနရဆဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

တောင်ကိုရီးယားစက်ရုံမှာ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းဖို့ စီစဉ်နေတဲ့ LG

တောင်ကိုရီးယားရဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LG ဟာ တောင်ကိုရီးယားရဲ့ စက်ရုံမှာ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းဖို့ စီစဉ်နေတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီလိုရပ်ဆိုင်းရမယ့် အကြောင်းရင်းကတော့ LG ဟာ သူတို့ရဲ့ထုတ်လုပ်မှုတွေကို ဗီယက်နမ်မှာရှိတဲ့ စက်ရုံဆီပြောင်းရွှေ့ဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းဟာ Yonhap သတင်းအေဂျင်စီကတစ်ဆင့် ထွက်ပေါ်လာတာဖြစ်ပေမယ့် မူလပထမရင်းမြစ်ကတော့ အမည်မသိရှိရဘဲ ဖြစ်နေပါတယ်။ တောင်ကိုရီးယားစက်ရုံမှာ ထုတ်လုပ်ခြင်းတွေရပ်ဆိုင်းပြီး ဗီယက်နက်မှာပြောင်းလဲထုတ်လုပ်ရခြင်း အကြောင်းရင်းက ထုတ်လုပ်မှုစရိတ် ပိုမိုသက်သာခြင်းကြောင့်ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောဆိုခဲ့ပါတယ်။

LG ရဲ့ စမတ်ဖုန်းဌာနဟာ ပြီးခဲ့တဲ့ ၄ နှစ်ဆက်တိုက်နီးပါးမှာ ထိခိုက်ခဲ့တဲ့ ငွေကြေးကုန်ကျမှုတွေကို လျှော့ချဖို့အတွက် အခုလိုစီစဉ်ရတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းဟာ တိကျပြည်စုံခြင်းမရှိပေမယ့် LG စမတ်ဖုန်း ဌာနရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးဆုံးရှုံးမှုတွေက ဒီသတင်းကို မှန်ကန်မှုရှိတယ်လို့ မှတ်ယူနိုင်အောင် တွန်းပို့နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက LG ရဲ့ CEO ဖြစ်သူ Qiao Yujin က ကုမ္ပဏီအနေနဲ့ မိုလ်ဘိုင်းဖုန်းထုတ်လုပ်မှုလုပ်ငန်းကို ဘယ်နည်းနဲ့မှ စွန့်ခွာသွားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာလည်း LG ဟာ တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီတွေရဲ့ နည်းပါးတဲ့ဈေးနှုန်းကို ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

Ref: GSMArena