LG က စမတ်ဖုန်းလောကကို ကျောခိုင်းသွားပေမယ့် Headphones လုပ်ငန်းကိုတော့ ဆက်လက်လုပ်ကိုင်နေပါတယ်။ အခုနောက်ဆုံး ထွက်လာတာက Tone Free DFP8W ဖြစ်ပါတယ်။ TWS နားကြပ် ဖြစ်ပြီး Active Noise Cancelation (ANC) ထောက်ပံ့ထားပါတယ်။ ဘက်ထရီ သက်တမ်းက ၂၄ နာရီ ဖြစ်ပြီး UVnano Charging Case က ဆီလီကွန်ထိပ်ဖူးနဲ့ စပီကာကို သန့်ရှင်းပေးနိုင်တာက မိုက်ပါတယ်။

LG Tone Free DFP8W bring ANC and up to 24 hours of battery life

နားကြပ်မှာ Meridian Audio နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ 8mm Dynamic Drivers ထည့်သွင်းထားပါတယ်။ မိုက်ကရိုဖုန်း ၃ လုံး ပါလာပြီး ၂ လုံးက ဖုန်းပြောဖို့အတွက်နဲ့ ကျန် ၁ လုံးက ANC အတွက် ဖြစ်ပါတယ်။ Bluetooth 5.2 ထောက်ပံ့ထားပြီး Device ၅ လုံးနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ Google Fast Pairing နဲ့ Windows Swift Pair တွေလည်း ထောက်ပံ့ထားပါတယ်။

LG Tone Free DFP8W bring ANC and up to 24 hours of battery life

LG ရဲ့ နားကြပ်အသစ်မှာ apt-X , AAC နဲ့ SBC Codecs နဲ့ IPX4 Splash Proofing တွေ ထည့်သွင်းထားပါတယ်။ နားကြပ်ရဲ့ ဘက်ထရီ သက်တမ်းက ANC ဖွင့်ထားရင် ၆ နာရီနဲ့ ANC ပိတ်ထားရင် ၁၀ နာရီ ဖြစ်ပါတယ်။ Charging Case ရဲ့ ဘက်ထရီနဲ့ ပေါင်းလိုက်ရင် ANC ဖွင့်ထားရင် ၁၄ နာရီနဲ့ ပိတ်ထားရင် ၂၄ နာရီအထိ အသုံးခံပါတယ်။

LG Tone Free DFP8W ကို ယူရို ၁၈၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းခွဲလောက်ကျသင့်မှာပါ။ အဖြူ၊ အနက်နဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားပြီး ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena