[Zawgyi]

ေဖေဖာ္ဝါရီလဟာ MWC 2019 နဲ႔အတူ 5G စမတ္ဖုန္းေတြ၊ Foldable ဖုန္းေတြကို အၿပိဳင္အဆိုင္ မိတ္ဆက္ ျပသၾကမယ့္လလည္း ျဖစ္ပါတယ္။ Samsung ကေတာ့ သူတို႔ရဲ႕ Foldable စမတ္ဖုန္းကို ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ တရားဝင္ေျပာဆိုခဲ့ၿပီးပါၿပီ။

ကိုရီးယားရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ LG ကေတာ့ MWC 2019 မွာ သူတို႔ရဲ႕ Foldable ဖုန္းကို ထုတ္ေဖာ္ျပမယ္လို႔ ေျပာခဲ့ေပမယ့္ ဒီႏွစ္ထဲမွာ ေရာင္းခ်ဖို႔အတြက္ ထုတ္လုပ္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ LG ရဲ႕ Mobile Division Head ျဖစ္တဲ့ Brain Kwon က ဒီသတင္းကို ထုတ္ေဖာ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Kwon ရဲ႕ ေျပာဆိုခ်က္အရ LG အေနနဲ႔ Foldable ဖုန္းကို ဒီႏွစ္ထဲမွာ ေရာင္းခ်ဖို႔ အရမ္းေစာလြန္းတယ္လို႔ ယူဆၿပီး အခ်ိန္ယူဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ LG ဟာ ဒီႏွစ္ထဲမွာ 5G စမတ္ဖုန္းအတြက္ပဲ အာ႐ုံစိုက္သြားၿပီး ေဈးကြက္ထဲမွာ သူတို႔ရဲ႕ Mobile က႑ ျပန္လည္ဦးေမာ့လာဖို႔ ႀကိဳးစားဦးမယ့္ အေျခအေနျဖစ္ပါတယ္။

“ဇန္နဝါရီလတုန္းက Consumer Electronic Show မွာ LG က Rollable TV ေတြကို မိတ္ဆက္ခဲ့ပါေသးတယ္။ ဒီအဆင့္ျမင့္ နည္းပညာက ေကြးေခါက္ႏိုင္တဲ့ နည္းပညာအတြက္ တစ္ဆင့္ ဦးတည္ေနတာပါ။ ကြၽန္ေတာ္တို႔ဟာ 5G စမတ္ဖုန္းနဲ႔ Foldable စမတ္ဖုန္းတို႔ကို တစ္ၿပိဳင္နက္ မိတ္ဆက္ဖို႔အတြက္ ျပန္သုံးသပ္ၾကည့္ၿပီးတဲ့ေနာက္ Foldable စမတ္ဖုန္းကို မထုတ္လုပ္ေသးဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္” လို႔ Kwon က Korea Times ကို ေျပာခဲ့ပါတယ္။

“ေဈးကြက္မွာစမတ္ဖုန္း ဝယ္လိုအားက တစ္သန္းဝန္းက်င္ရွိတယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္ LG ရဲ႕ အဓိက လုပ္ေဆာင္ရမယ့္အရာက ေဈးကြက္ထဲမွာ ေနရာတစ္ခု ျပန္ရလာဖို႔ပါ။ ဒီအေျခအေနကို ခ်င့္ခ်ိန္ၿပီးတဲ့ေနာက္ LG အေနနဲ႔ Foldable စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ သိပ္ကိုေစာလြန္းေနေသးတယ္လို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ (Foldable စမတ္ဖုန္း ထုတ္လုပ္ဖို႔) နည္းပညာပိုင္းအရေတာ့ သုံးစြဲသူေတြရဲ႕ တုံ႔ျပန္မႈအတြက္ ကြၽန္ေတာ္တို႔မွာ အျပည့္အဝ အဆင္သင့္ျဖစ္ေနပါၿပီ” လို႔လည္း Kwon က ထည့္သြင္းေျပာဆိုသြားခဲ့ပါတယ္။

LG ဟာ အေမရိကန္အေျခစိုက္ နည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Sprint နဲ႔ ပူးေပါင္းၿပီး သူတို႔ရဲ႕ 5G စမတ္ဖုန္းကို ျဖန႔္ခ်ိသြားမွာ ျဖစ္ပါတယ္။ ဒီစမတ္ဖုန္းကေတာ့ LG V50 ThinQ လို႔ သိရၿပီး ခန႔္မွန္းတန္ဖိုး သိန္း၂၀ ေက်ာ္ရွိမယ္လို႔လည္း သတင္းထြက္ေနတာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Foldable စမတ်ဖုန်းကို ဒီနှစ်ထဲမှာ ရောင်းချတော့မှာမဟုတ်တဲ့ LG

ဖေဖော်ဝါရီလဟာ MWC 2019 နဲ့အတူ 5G စမတ်ဖုန်းတွေ၊ Foldable ဖုန်းတွေကို အပြိုင်အဆိုင် မိတ်ဆက် ပြသကြမယ့်လလည်း ဖြစ်ပါတယ်။ Samsung ကတော့ သူတို့ရဲ့ Foldable စမတ်ဖုန်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မိတ်ဆက်မယ်လို့ တရားဝင်ပြောဆိုခဲ့ပြီးပါပြီ။

ကိုရီးယားရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LG ကတော့ MWC 2019 မှာ သူတို့ရဲ့ Foldable ဖုန်းကို ထုတ်ဖော်ပြမယ်လို့ ပြောခဲ့ပေမယ့် ဒီနှစ်ထဲမှာ ရောင်းချဖို့အတွက် ထုတ်လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ LG ရဲ့ Mobile Division Head ဖြစ်တဲ့ Brain Kwon က ဒီသတင်းကို ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Kwon ရဲ့ ပြောဆိုချက်အရ LG အနေနဲ့ Foldable ဖုန်းကို ဒီနှစ်ထဲမှာ ရောင်းချဖို့ အရမ်းစောလွန်းတယ်လို့ ယူဆပြီး အချိန်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ ဒါကြောင့် LG ဟာ ဒီနှစ်ထဲမှာ 5G စမတ်ဖုန်းအတွက်ပဲ အာရုံစိုက်သွားပြီး ဈေးကွက်ထဲမှာ သူတို့ရဲ့ Mobile ကဏ္ဍ ပြန်လည်ဦးမော့လာဖို့ ကြိုးစားဦးမယ့် အခြေအနေဖြစ်ပါတယ်။

“ဇန်နဝါရီလတုန်းက Consumer Electronic Show မှာ LG က Rollable TV တွေကို မိတ်ဆက်ခဲ့ပါသေးတယ်။ ဒီအဆင့်မြင့် နည်းပညာက ကွေးခေါက်နိုင်တဲ့ နည်းပညာအတွက် တစ်ဆင့် ဦးတည်နေတာပါ။ ကျွန်တော်တို့ဟာ 5G စမတ်ဖုန်းနဲ့ Foldable စမတ်ဖုန်းတို့ကို တစ်ပြိုင်နက် မိတ်ဆက်ဖို့အတွက် ပြန်သုံးသပ်ကြည့်ပြီးတဲ့နောက် Foldable စမတ်ဖုန်းကို မထုတ်လုပ်သေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ Kwon က Korea Times ကို ပြောခဲ့ပါတယ်။

“ဈေးကွက်မှာစမတ်ဖုန်း ဝယ်လိုအားက တစ်သန်းဝန်းကျင်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် LG ရဲ့ အဓိက လုပ်ဆောင်ရမယ့်အရာက ဈေးကွက်ထဲမှာ နေရာတစ်ခု ပြန်ရလာဖို့ပါ။ ဒီအခြေအနေကို ချင့်ချိန်ပြီးတဲ့နောက် LG အနေနဲ့ Foldable စမတ်ဖုန်းကို ထုတ်လုပ်ဖို့ သိပ်ကိုစောလွန်းနေသေးတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ (Foldable စမတ်ဖုန်း ထုတ်လုပ်ဖို့) နည်းပညာပိုင်းအရတော့ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုအတွက် ကျွန်တော်တို့မှာ အပြည့်အဝ အဆင်သင့်ဖြစ်နေပါပြီ” လို့လည်း Kwon က ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

LG ဟာ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Sprint နဲ့ ပူးပေါင်းပြီး သူတို့ရဲ့ 5G စမတ်ဖုန်းကို ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကတော့ LG V50 ThinQ လို့ သိရပြီး ခန့်မှန်းတန်ဖိုး သိန်း၂၀ ကျော်ရှိမယ်လို့လည်း သတင်းထွက်နေတာ ဖြစ်ပါတယ်။

Ref: The Verge