[Zawgyi]

Redmi Note 8 ရဲ႕ ပထမဆံုး သတင္းတစ္ခု ၿပီးခဲ့တဲ့ တစ္ပတ္က ထြက္လာခဲ့ၿပီး အဲဒီဖုန္းကို မၾကာခင္ ေၾကညာေတာ့မယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ကုမၸဏီက တရား၀င္ ေၾကညာလိုက္တာ မဟုတ္ပါဘူး။ အခုေတာ့ Redmi Note 8 ကို ဖန္တီးေနေၾကာင္း ကုမၸဏီက အတည္ျပဳ လိုက္ပါတယ္။ Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ Lu Weibing က ဒီသတင္းကို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ သူက Redmi Note 8  ဟာ အရင္ မ်ိဳးဆက္ေတြထက္ စြမ္းရည္ ပိုေကာင္းမယ္လုိ႔ ေျပာပါတယ္။

Redmi Note 8 ဟာ Redmi Note 7 Pro ရဲ႕ မ်ိဳးဆက္သစ္ ျဖစ္ၿပီး လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါလာမွာပါ။ အဲဒီ ဖုန္းမွာ 64MP Camera နဲ႔ လွ်င္ျမန္တဲ့ အားသြင္း နည္းပညာ ပါလာမွာ ေသခ်ာသေလာက္ရွိပါတယ္။ မၾကာခင္က Redmi ဟာ 64MP Camera Prototype ကို ေၾကညာခဲ့ပါတယ္။ အဲဒီ ကင္မရာကို Redmi Note 8 မွာ ထည့္သြင္းထားႏုိင္ပါတယ္။

Samsung က ေမလမွာ 64MP Mobile Sensor ကို ေၾကညာထားၿပီး ISOCELL Bright GW1 လို႔ အမည္ေပးထားပါတယ္။ ဖုန္းကုမၸဏီမ်ားစြာက အဲဒီကင္မရာ ပါတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ဖို႔ တာဆူေနၾကပါတယ္။ အဲဒီကင္မရာ သံုးလာမယ့္ အေစာဆံုး ဖုန္းေတြထဲမွာ Galaxy S11 Series ေတြ ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ ေနာက္ထြက္မယ့္ Realme ရဲ႕ စမတ္ဖုန္းမွာလည္း အဲဒီကင္မရာကို အသံုးျပဳထားမွာပါ။

Redmi ကေတာ့ 64MP Camera ကို Redmi Note 8 မွာ ထည့္သြင္းထားႏုိင္ပါတယ္။ Redmi Fans ေတြက ၾသဂုတ္လမွာ ထုတ္ကုန္ မိတ္ဆက္ပြဲ ရွိလားလို႔ Xiaomi ရဲ႕ ထုတ္ကုန္ ဒါရိုက္တာ ၀မ္တန္ကို ၿပီးခဲ့တဲ့လက ေမးခဲ့ပါတယ္။ ၀မ္တန္ရဲ႕ အေျဖအရ Redmi Note 8 ကို ဒီလထဲမွာ ေၾကညာမယ္လို႔ ထင္ရပါတယ္။

Ref : gizchina

[Unicode]

Redmi Note 8 ကို ဖန်တီးနေကြောင်း ကုမ္ပဏီ အတည်ပြု

Redmi Note 8 ရဲ့ ပထမဆုံး သတင်းတစ်ခု ပြီးခဲ့တဲ့ တစ်ပတ်က ထွက်လာခဲ့ပြီး အဲဒီ ဖုန်းကို မကြာခင် ကြေညာတော့မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကုမ္ပဏီက တရားဝင် ကြေညာလိုက်တာ မဟုတ်ပါဘူး။ အခုတော့ Redmi Note 8 ကို ဖန်တီးနေကြောင်း ကုမ္ပဏီက အတည်ပြု လိုက်ပါတယ်။ Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က ဒီသတင်းကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူက Redmi Note 8 ဟာ အရင် မျိုးဆက်တွေထက် စွမ်းရည် ပိုကောင်းမယ်လို့ ပြောပါတယ်။

Redmi Note 8 ဟာ Redmi Note 7 Pro ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး လုပ်ဆောင်ချက် အသစ်တွေ ပါလာမှာပါ။ အဲဒီ ဖုန်းမှာ 64MP Camera နဲ့ လျှင်မြန်တဲ့ အားသွင်း နည်းပညာ ပါလာမှာ သေချာသလောက်ရှိပါတယ်။ မကြာခင်က Redmi ဟာ 64MP Camera Prototype ကို ကြေညာခဲ့ပါတယ်။ အဲဒီ ကင်မရာကို Redmi Note 8 မှာ ထည့်သွင်းထားနိုင်ပါတယ်။

64MP Camera ကို ကြေညာထားတာ Redmi ကုမ္ပဏီ တစ်ခုထဲ မဟုတ်ပါဘူး။ Samsung ကလည်း မေလမှာ 64MP Mobile Sensor ကို ကြေညာထားပြီး ISOCELL Bright GW1 လို့ အမည်ပေးထားပါတယ်။ ဖုန်း ကုမ္ပဏီများစွာက အဲဒီ ကင်မရာ ပါတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ တာဆူနေကြပါတယ်။ အဲဒီ ကင်မရာ သုံးလာမယ့် အစောဆုံး ဖုန်းတွေထဲမှာ Galaxy S11 Series တွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။ နောက်ထွက်မယ့် Realme ရဲ့ စမတ်ဖုန်းမှာလည်း အဲဒီ ကင်မရာကို အသုံးပြုထားမှာပါ။

Redmi ကတော့ သူ့ကိုယ်ပိုင် 64MP Camera ကို Redmi Note 8 မှာ ထည့်သွင်းထားနိုင်ပါတယ်။ Redmi Fans တွေက သြဂုတ်လမှာ ထုတ်ကုန် မိတ်ဆက်ပွဲ ရှိလားလို့ Xiaomi ရဲ့ ထုတ်ကုန် ဒါရိုက်တာ ဝမ်တန်ကို ပြီးခဲ့တဲ့လက မေးခဲ့ပါတယ်။ ဝမ်တန်ရဲ့ အဖြေအရ Redmi Note 8 ကို ဒီလထဲမှာ ကြေညာမယ်လို့ ထင်ရပါတယ်။

Ref : gizchina