[Unicode]

Domain Name ၁ ခုရဖို့ ရူးရူးမိုက်မိုက် ပြုလုပ်တဲ့ လူ ၁ ယောက်ရဲ့ အကြောင်းက စိတ်ဝင်စားစရာ ကောင်းသလို ရယ်စရာလည်း ကောင်းပါတယ်။ သေနတ်နဲ့ ခြိမ်းခြောက်ခိုင်းပြီး Domain Name အဓမ္မ ယူဖို့ ကြိုးစားတဲ့ Rossi Lorathio Adams ဟာ ထောင် ၁၄ နှစ် ကျခံသွားရပါတယ်။

အိုင်အိုဝါက အသက် ၂၇ နှစ်အရွယ် Adams ဟာ “State Snaps “ နာမည်ရ လူမှုကွန်ရက်ငယ်လေး ၁ ခုကို တည်ထောင်ထားသူပါ။ သူ အဲဒီလူမှုကွန်ရက်ကို ၂၀၁၅ ခုနှစ်ကစတင် တည်ထောင်ခဲ့ချိန်မှာ အိုင်အိုဝါ ပြည်နယ် တက္ကသိုလ်မှာ ကျောင်းတက်နေတုန်းပဲရှိပါသေးတယ်။ သူ့ရဲ့ Followers တွေက “Do it for State” စာသားကို သုံးလေ့ရှိတဲ့အတွက် သူက doitforstate.com Domain Name ကို လိုချင်ခဲ့တာ ဖြစ်ပါတယ်။

Adams က ၂၀၁၅ ခုနှစ် ဇွန်လမှာ အဲဒီ Domain ကို ဝယ်ယူဖို့ ပိုင်ရှင်အား ဖိအားစတင် ပေးခဲ့ပါတယ်။ သူဟာ ၂ နှစ်လောက်ကြာတဲ့အထိ ဒီလို ပြုလုပ်နေတာ ဖြစ်ပြီး ပိုင်ရှင်က အစောပိုင်းမှာ မရောင်းချင်ခဲ့ပါဘူး။ ပိုင်ရှင်က နောက်ပိုင်းမှာ ဒေါ်လာ ၂ သောင်းနဲ့ ရောင်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် Adams က ငွေ မပေးချင်ခဲ့ပါဘူး။ အဲဒါနဲ့ ၂၀၁၇ ခုနှစ် ဇွန်လမှာ Adams က ဝမ်းကွဲ ညီအစ်ကို တော်သူ Sherman Hopkins Jr အား ပိုင်ရှင်ရဲ့ အိမ်ကို စေလွှတ်ပြီး Domain Name ကို ဓါးပြတိုက်ခိုင်းခဲ့ပါတယ်။

Hopkins က သေနတ် ၁ လက်နဲ့ Taser တွေ ယူသွားခဲ့ပြီး ပိုင်ရှင်ကို ခြိမ်းခြောက် ခဲ့ပါတယ်။ သေနတ်နဲ့ ပိုင်ရှင်ရဲ့ ခြေထောက်ကို ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ပိုင်ရှင်က သေနတ်ကို လုယူနိုင်ခဲ့ပြီး Hopkins ကို ပြန်ပစ်ခဲ့ပါတယ်။ Hopkins ဟာ ကံကောင်းစွာနဲ့ မသေခဲ့ဘဲ ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရပါတယ်။ Adams ကတော့ Domain Name ၁ ခုအတွက် ထောင်ဒဏ် ၁၄ နှစ် ခံစားသွားရပါတော့တယ်။

Ref : tnw

[Zawgyi]

ေသနတ္နဲ႔ ၿခိမ္းေျခာက္ခိုင္းၿပီး Domain Name အဓမၼ ယူဖို႔ ႀကိဳးစားသူ ေထာင္ ၁၄ ႏွစ္က်သြား

Domain Name ၁ ခုရဖို႔ ရူးရူးမိုက္မိုက္ ျပဳလုပ္တဲ့ လူ ၁ ေယာက္ရဲ႕ အေၾကာင္းက စိတ္၀င္စားစရာ ေကာင္းသလို ရယ္စရာလည္း ေကာင္းပါတယ္။ ေသနတ္နဲ႔ ၿခိမ္းေျခာက္ခိုင္းၿပီး Domain Name အဓမၼ ယူဖို႔ ႀကိဳးစားတဲ့ Rossi Lorathio Adams ဟာ ေထာင္ ၁၄ ႏွစ္ က်ခံသြားရပါတယ္။

အိုင္အို၀ါက အသက္ ၂၇ ႏွစ္အရြယ္ Adams ဟာ “State Snaps “ နာမည္ရ လူမႈကြန္ရက္ငယ္ေလး ၁ ခုကို တည္ေထာင္ထားသူပါ။ သူ အဲဒီလူမႈကြန္ရက္ကို ၂၀၁၅ ခုႏွစ္ကစတင္ တည္ေထာင္ခဲ့ခ်ိန္မွာ အိုင္အို၀ါ ျပည္နယ္ တကၠသိုလ္မွာ ေက်ာင္းတက္ေနတုန္းပဲရွိပါေသးတယ္။ သူ႔ရဲ႕ Followers ေတြက “Do it for State” စာသားကို သံုးေလ့ရွိတဲ့အတြက္ သူက doitforstate.com Domain Name ကို လိုခ်င္ခဲ့တာ ျဖစ္ပါတယ္။

Adams က ၂၀၁၅ ခုႏွစ္ ဇြန္လမွာ အဲဒီ Domain ကို ၀ယ္ယူဖို႔ ပိုင္ရွင္အား ဖိအားစတင္ ေပးခဲ့ပါတယ္။ သူဟာ ၂ ႏွစ္ေလာက္ၾကာတဲ့အထိ ဒီလို ျပဳလုပ္ေနတာ ျဖစ္ၿပီး ပိုင္ရွင္က အေစာပိုင္းမွာ မေရာင္းခ်င္ခဲ့ပါဘူး။ ပိုင္ရွင္က ေနာက္ပိုင္းမွာ ေဒၚလာ ၂ ေသာင္းနဲ႔ ေရာင္းဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ Adams က ေငြ မေပးခ်င္ခဲ့ပါဘူး။ အဲဒါနဲ႔ ၂၀၁၇ ခုႏွစ္ ဇြန္လမွာ Adams က ၀မ္းကြဲ ညီအစ္ကို ေတာ္သူ Sherman Hopkins Jr အား ပိုင္ရွင္ရဲ႕ အိမ္ကို ေစလႊတ္ၿပီး Domain Name ကို ဓါးျပတိုက္ခိုင္းခဲ့ပါတယ္။

Hopkins က ေသနတ္ ၁ လက္နဲ႔ Taser ေတြ ယူသြားခဲ့ၿပီး ပိုင္ရွင္ကို ၿခိမ္းေျခာက္ ခဲ့ပါတယ္။ ေသနတ္နဲ႔ ပိုင္ရွင္ရဲ႕ ေျခေထာက္ကို ပစ္ခဲ့ပါတယ္။ အဲဒီေနာက္မွာ ပိုင္ရွင္က ေသနတ္ကို လုယူႏုိင္ခဲ့ၿပီး Hopkins ကို ျပန္ပစ္ခဲ့ပါတယ္။ Hopkins ဟာ ကံေကာင္းစြာနဲ႔ မေသခဲ့ဘဲ ေထာင္ဒဏ္ ႏွစ္ ၂၀ က်ခံခဲ့ရပါတယ္။ Adams ကေတာ့ Domain Name ၁ ခုအတြက္ ေထာင္ဒဏ္ ၁၄ ႏွစ္ ခံစားသြားရပါေတာ့တယ္။

Ref : tnw