Nintendo ကနေ လက်ရှိ iOS နဲ့ Android Device တွေမှာ နာမည်ကြီး Mario Kart Tour Racing Game ကိုထုတ်ပေးထားတယ်ဆိုပေမယ့် Multiplayer Mode နဲ့ဆော့ကစားနိုင်ခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ လာမယ့် မတ်လ ၈ ရက်နေ့ကစတင်ပြီးတော့ Mario Kart Tour ဟာ Multiplayer Mode Update ကို ရရှိလာမယ်လို့ တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အခု Multiplayer Mode ဟာ In-game Friends တွေအပြင် Nearby Devices သို့မဟုတ် တကမ္ဘာလုံးကဆော့ကစားသူတွေနဲ့အတူ စိတ်ကြိုက်ရွေးချယ်ပြီး ဆော့ကစားနိုင်ဖွယ်ရှိနေပါတယ်။

Nintendo ရဲ့ ကြေညာချက်အရတော့ အခု Multiplayer Mode ဟာ ကြိုက်နှစ်သက်ရာ Standard Race တွေနဲ့ Gold Race တွေမှာယှဥ်ပြိုင်နိုင်သလို ယှဥ်ပြိုင်မယ့်အမြန်နှုန်း၊ Slot Number နဲ့တခြား Game Setting တွေကိုပါ စိတ်ကြိုက်ပြင်ဆင်နိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Mario Kart Tour Game ဟာ Multiplayer အနေနဲ့ သူငယ်ချင်းတွေအတူတူဆော့ကစားဖို့အကောင်းဆုံး Mobile Game တစ်ခုလည်းဖြစ်တဲ့အတွက် ဖုန်းထဲမှာ အခုပဲ Install လုပ်ပြီး စမ်းသပ်ဆော့ကစားကြည့်သင့်ပါပြီ။

Ref – Android Central