ဇူဇူဟာ Apple Vision Pro ကို စမ်းသုံးကြည့်ပြီးနောက် မကြိုက်ဘူးလို့ ပြောပါတယ်။ သူက Meta Quest 3 က ပိုကောင်းတယ်လို့ ထင်နေပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ ဇူဇူဟာ Meta ရဲ့ CEO ဖြစ်တဲ့အတွက် ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာပါ။

Zuckerberg Tries the Apple Vision Pro, Calls Quest 3 'the Better Product' |  Beebom

ဇူဇူက “ Quest 3 ဟာ Apple Vision Pro ထက် ၇ ဆလောက် ဈေးသက်သာပါတယ်။ ဒါပေမယ့် ပေးရတဲ့ ဈေးထက် အရည်အသွေး ပိုကောင်းပါတယ်။ လူတွေ Mixed Reality ကို သုံးဖို့အတွက် Quest 3 က ပိုကောင်းပါတယ်။ “ လို့ ပြောပါတယ်။

Mark Zuckerberg Calls META's Quest 3 the "Better Product"

သူက “ Quest 3 ဟာ ဝတ်ဆင်ရတာ ပိုသက်တောင့်သက်သာရှိပြီး လှုပ်ရှားမှုပြုလုပ်ရင် ကြိုးတွေနဲ့ ရှုပ်မနေပါဘူး။ မြင်ကွင်းက ပိုကျယ်ပြီး Screen က ပိုတောက်ပပါတယ်။ Vision Pro မှာ Motion Blur တချို့ရှိတဲ့အတွက် Quest 3 က ပိုကြည်လင်ပြတ်သားပါတယ်။ အဲဒီ Headset ၂ ခု စလုံးမှာ လက်ကို အာရုံခံတဲ့ နည်းပညာ ထည့်သွင်းထားပြီး Quest 3 က နည်းနည်းပိုကောင်းပါတယ်။ ဒါပေမယ့် Apple ရဲ့ မျက်လုံးအာရုံခံတဲ့ နည်းပညာက တကယ် ကောင်းပါတယ်။ အဲဒီအတွက် Meta ဟာ အနာဂတ်မှာ Quest Pro မှာ မျက်လုံး အာရုံခံတဲ့ ဆန်ဆာတွေ ထည့်သွင်းပေးမှာပါ။ “ လို့ ပြောပါတယ်။

ဇူဇူက “ ကွန်ပြူတာတွေအတွက် Microsoft/Windows လိုပဲ Meta ဟာ Open Model ဖြစ်ပြီး Apple ကတော့ ထုံးစံအတိုင်း Closed Model ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ Apple Vision Pro နဲ့ Meta Quest 3 တို့ ဘယ်သူ ပိုအောင်မြင်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena