Zawgyi

Huawei ကုမၸဏီဟာ သူတုိ႔ရဲ႕ကိုယ္ပိုင္ HarmonyOS ကို ယေန႔မွာ မိတ္ဆက္လာခဲ့ၿပီး မတူညီတဲ့ ပလက္ေဖာင္းမ်ားစြာ (စမတ္ဖုန္း၊ တီဗီ၊ တက္ဘလက္၊ ကား၊ Wearables စသျဖင့္) မွာ အသုံးျပဳႏုိင္မယ့္ Multi-platform Operating System တစ္ခုျဖစ္ပါတယ္။

ယေန႔တြစ္တာမွာ ထြက္ေပၚလာတဲ့ သတင္းတစ္ခုအရဆုိရင္ေတာ့ တရုတ္အေျခစိုက္ကုမၸဏီဟာ သူတုိ႔ရဲ႕ OS အသစ္ကို Mate 30 Lite ဖုန္းမွာ ပထမဆုံးအႀကိမ္ အသုံးျပဳထည့္သြင္းလာဖို႔ ရွိေၾကာင္း သိရပါတယ္။ ပုံမွန္ Mate 30 နဲ႔ Mate 30 Pro တုိ႔မွာေတာ့ Android Q ကိုအေျခခံထားတဲ့ EMUI 10 နဲ႔ပဲ ထြက္ရွိဦးမွာပါ။ Huawei ကလည္း သူတုိ႔ဟာ သုံးစြဲသူေတြအသားက်ေနတဲ့ Android OS ကုိ စမတ္ဖုန္းေတြမွာ ဆက္လက္သုံးစြဲဦးမွာ ျဖစ္ေၾကာင္း ေျပာထားခဲ့ပါတယ္။

အေစာပုိင္းသတင္းေတြမွာေတာ့ Huawei Mate 30 Lite ဟာ ဇူလိုင္လမွာ ထြက္လာမွာျဖစ္ၿပီး ေနာက္ဘက္မွာ ေလးေထာင့္ပုံစံနဲ႔ Quad-camera ထည့္သြင္းလာမယ္လို႔ ဆုိခဲ့ၾကပါတယ္။ ဒါေပမယ့္ Huawei ဟာ အဆုိပါဟန္းဆက္ကို Huawei Nova 5i Pro အျဖစ္ မိတ္ဆက္လာခဲ့တာေၾကာင့္ Mate 30 အမည္နဲ႔ ထုတ္ကုန္ထပ္ထုတ္ဖို႔ တံခါးဖြင့္ခ်န္ခဲ့တယ္လို႔ ဆုိႏုိင္ပါတယ္။ အခုေတာ့ Huawei ဟာ Mate ထုတ္ကုန္ေတြကို မိတ္ဆက္ေနၾက ေဆာင္းရာသီအခ်ိန္မွာပဲ မိတ္ဆက္လာေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။

တကယ္လို႔ Mate 30 Lite ဟာ Specs ပုိင္းမွာ Nova 5i Pro ကိုအေျခခံလာမယ္ဆုိရင္ေတာ့ 6.26” LCD Display နဲ႔ Kirin 810 ခ်စ္ပ္ဆက္တုိ႔အျပင္ Selfie အတြက္ Punch-hole ဒီဇုိင္းကိုပါ ျပန္ေတြ႕ရဦးမွာပါ။ အေနာက္ဘက္ အဓိကကင္မရာကေတာ့ 48MP ရွိမွာျဖစ္ၿပီး 8MP Ultra-wide Sensor တစ္ခု၊ Macro ကင္မရာနဲ႔ Depth Sensor တုိ႔ျဖင့္ တြဲဖက္လာဦးမွာျဖစ္ပါတယ္။ စက္တင္ဘာလလယ္ေလာက္မွာ Mate 30 Lineup ကို ေတြ႕ရမယ္လို႔ ခန္႔မွန္းထားတာေၾကာင့္ အၾကာႀကီးေတာ့ ေစာင့္ရမွာမဟုတ္ပါဘူး။

Ref – GSM Arena

Unicode

Huawei ကုမ္ပဏီဟာ သူတို့ရဲ့ကိုယ်ပိုင် HarmonyOS ကို ယနေ့မှာ မိတ်ဆက်လာခဲ့ပြီး မတူညီတဲ့ ပလက်ဖောင်းများစွာ (စမတ်ဖုန်း၊ တီဗီ၊ တက်ဘလက်၊ ကား၊ Wearables စသဖြင့်) မှာ အသုံးပြုနိုင်မယ့် Multi-platform Operating System တစ်ခုဖြစ်ပါတယ်။

ယနေ့တွစ်တာမှာ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရဆိုရင်တော့ တရုတ်အခြေစိုက်ကုမ္ပဏီဟာ သူတို့ရဲ့ OS အသစ်ကို Mate 30 Lite ဖုန်းမှာ ပထမဆုံးအကြိမ် အသုံးပြုထည့်သွင်းလာဖို့ ရှိကြောင်း သိရပါတယ်။ ပုံမှန် Mate 30 နဲ့ Mate 30 Pro တို့မှာတော့ Android Q ကိုအခြေခံထားတဲ့ EMUI 10 နဲ့ပဲ ထွက်ရှိဦးမှာပါ။ Huawei ကလည်း သူတို့ဟာ သုံးစွဲသူတွေအသားကျနေတဲ့ Android OS ကို စမတ်ဖုန်းတွေမှာ ဆက်လက်သုံးစွဲဦးမှာ ဖြစ်ကြောင်း ပြောထားခဲ့ပါတယ်။

အစောပိုင်းသတင်းတွေမှာတော့ Huawei Mate 30 Lite ဟာ ဇူလိုင်လမှာ ထွက်လာမှာဖြစ်ပြီး နောက်ဘက်မှာ လေးထောင့်ပုံစံနဲ့ Quad-camera ထည့်သွင်းလာမယ်လို့ ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် Huawei ဟာ အဆိုပါဟန်းဆက်ကို Huawei Nova 5i Pro အဖြစ် မိတ်ဆက်လာခဲ့တာကြောင့် Mate 30 အမည်နဲ့ ထုတ်ကုန်ထပ်ထုတ်ဖို့ တံခါးဖွင့်ချန်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုတော့ Huawei ဟာ Mate ထုတ်ကုန်တွေကို မိတ်ဆက်နေကြ ဆောင်းရာသီအချိန်မှာပဲ မိတ်ဆက်လာတော့မယ်လို့ သတင်းထွက်နေပါတယ်။

တကယ်လို့ Mate 30 Lite ဟာ Specs ပိုင်းမှာ Nova 5i Pro ကိုအခြေခံလာမယ်ဆိုရင်တော့ 6.26” LCD Display နဲ့ Kirin 810 ချစ်ပ်ဆက်တို့အပြင် Selfie အတွက် Punch-hole ဒီဇိုင်းကိုပါ ပြန်တွေ့ရဦးမှာပါ။ အနောက်ဘက် အဓိကကင်မရာကတော့ 48MP ရှိမှာဖြစ်ပြီး 8MP Ultra-wide Sensor တစ်ခု၊ Macro ကင်မရာနဲ့ Depth Sensor တို့ဖြင့် တွဲဖက်လာဦးမှာဖြစ်ပါတယ်။ စက်တင်ဘာလလယ်လောက်မှာ Mate 30 Lineup ကို တွေ့ရမယ်လို့ ခန့်မှန်းထားတာကြောင့် အကြာကြီးတော့ စောင့်ရမှာမဟုတ်ပါဘူး။

Ref – GSM Arena