[Zawgyi]

ဇြန္လ ေနာက္ဆုံးပတ္တုန္းက Huawei Mate X ကို လာမယ့္စက္တင္ဘာလထက္ ေနာက္မက်ဘဲ ေဈးကြက္ထဲ ျဖန႔္ခ်ိမယ္လို႔ Huawei ရဲ႕ အလုပ္အမႈေဆာင္နဲ႔ အေနာက္ဥေရာပေဒသဆိုင္ရာ ဥကၠ႒ Vincent Pang က TechRadar နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ဖူးပါတယ္။

ၿပိဳင္ဘက္ကုမၸဏီျဖစ္တဲ့ Samsung ကလည္း သူတို႔ရဲ႕ Galaxy Fold ကို Mate X ထက္ ေစာစီးစြာနဲ႔ ေဈးကြက္ထဲကို ပို႔ေဆာင္ခ်င္ေနတာပါ။ Samsung က မ်က္ႏွာျပင္ျပႆနာေၾကာင့္ ျဖန႔္ခ်ိဖို႔ေႏွာင့္ေႏွးေနရတာျဖစ္ၿပီး Huawei ကေတာ့ ကုန္သြယ္ေရးစစ္ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ ေႏွာင့္ေႏွးေနရတာ ျဖစ္ပါတယ္

ဒါေပမယ့္ ဇူလိုင္လ ဒုတိယပတ္မွာေတာ့ Huawei က Mate X မိတ္ဆက္ေရာင္းခ်ဖို႔ ေျခလွမ္းေတြကို ျမန္ျမန္ဆန္ဆန္ လွမ္းေနၿပီဆိုတဲ့အေၾကာင္း သိသာထင္ရွားလာပါတယ္။ အေၾကာင္းကေတာ့ တ႐ုတ္ျပည္တြင္းက အေရာင္းဆိုင္ေတြမွာ Mate X ပိုစတာေတြကို လိုက္လံေနရာခ်ထားလိုက္တာေၾကာင့္ ျဖစ္ပါတယ္။

လက္ရွိအေျခအေနအရ အေမရိကန္ကုမၸဏီေတြဟာ Huawei နဲ႔ လုပ္ငန္းလုပ္ကိုင္ခြင့္ ျပန္လည္ရရွိေနၿပီျဖစ္သလို စြပ္စြဲခံရမႈေတြနဲ႔ ပိတ္ပင္ခံရမႈေတြက လြတ္ေျမာက္ၿပီလို႔ ဆိုရမွာပါ။ ဒီအေျခအေနမွာ Huawei ကလည္း ၿပိဳင္ဘက္ထက္ ေစာၿပီး Mate X ကို မိတ္ဆက္ဖို႔ လိုလားေနမွာပဲ ျဖစ္ပါတယ္။

ကုမၸဏီကေတာ့ ဇူလိုင္လထဲမွာ ျဖန႔္ခ်ိဦးမွာမဟုတ္ဘူးလို႔ အတည္ျပဳထားသလို စက္တင္ဘာထက္လည္း ေနာက္မက်ဘူးလို႔ ဆိုထားတဲ့အတြက္ တ႐ုတ္ျပည္တြင္းေဈးကြက္ထဲ ျဖန႔္ခ်ိခ်ိန္ဟာ လာမယ့္ ၾသဂုတ္လတြင္းမွာလည္း ျဖစ္လာႏိုင္ပါတယ္။ Mate X ဟာ Huawei ရဲ႕ ပထမဆုံး Foldable ဖုန္းျဖစ္သလို ကုမၸဏီရဲ႕ 5G ဖုန္းေတြအနက္က ပထမဆုံး ျဖစ္လာမွာျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

တရုတ်ပြည်တွင်း အရောင်းဆိုင်တွေမှာ Mate X ပိုစတာတွေ နေရာချလိုက်ပြီဖြစ်တဲ့ Huawei

ဇွန်လ နောက်ဆုံးပတ်တုန်းက Huawei Mate X ကို လာမယ့်စက်တင်ဘာလထက် နောက်မကျဘဲ ဈေးကွက်ထဲ ဖြန့်ချိမယ်လို့ Huawei ရဲ့ အလုပ်အမှုဆောင်နဲ့ အနောက်ဥရောပဒေသဆိုင်ရာ ဥက္ကဋ္ဌ Vincent Pang က TechRadar နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ဖူးပါတယ်။

ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Samsung ကလည်း သူတို့ရဲ့ Galaxy Fold ကို Mate X ထက် စောစီးစွာနဲ့ ဈေးကွက်ထဲကို ပို့ဆောင်ချင်နေတာပါ။ Samsung က မျက်နှာပြင်ပြဿနာကြောင့် ဖြန့်ချိဖို့နှောင့်နှေးနေရတာဖြစ်ပြီး Huawei ကတော့ ကုန်သွယ်ရေးစစ်ရဲ့ ရိုက်ခတ်မှုကြောင့် နှောင့်နှေးနေရတာ ဖြစ်ပါတယ်

ဒါပေမယ့် ဇူလိုင်လ ဒုတိယပတ်မှာတော့ Huawei က Mate X မိတ်ဆက်ရောင်းချဖို့ ခြေလှမ်းတွေကို မြန်မြန်ဆန်ဆန် လှမ်းနေပြီဆိုတဲ့အကြောင်း သိသာထင်ရှားလာပါတယ်။ အကြောင်းကတော့ တရုတ်ပြည်တွင်းက အရောင်းဆိုင်တွေမှာ Mate X ပိုစတာတွေကို လိုက်လံနေရာချထားလိုက်တာကြောင့် ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ အမေရိကန်ကုမ္ပဏီတွေဟာ Huawei နဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် ပြန်လည်ရရှိနေပြီဖြစ်သလို စွပ်စွဲခံရမှုတွေနဲ့ ပိတ်ပင်ခံရမှုတွေက လွတ်မြောက်ပြီလို့ ဆိုရမှာပါ။ ဒီအခြေအနေမှာ Huawei ကလည်း ပြိုင်ဘက်ထက် စောပြီး Mate X ကို မိတ်ဆက်ဖို့ လိုလားနေမှာပဲ ဖြစ်ပါတယ်။

ကုမ္ပဏီကတော့ ဇူလိုင်လထဲမှာ ဖြန့်ချိဦးမှာမဟုတ်ဘူးလို့ အတည်ပြုထားသလို စက်တင်ဘာထက်လည်း နောက်မကျဘူးလို့ ဆိုထားတဲ့အတွက် တရုတ်ပြည်တွင်းဈေးကွက်ထဲ ဖြန့်ချိချိန်ဟာ လာမယ့် သြဂုတ်လတွင်းမှာလည်း ဖြစ်လာနိုင်ပါတယ်။ Mate X ဟာ Huawei ရဲ့ ပထမဆုံး Foldable ဖုန်းဖြစ်သလို ကုမ္ပဏီရဲ့ 5G ဖုန်းတွေအနက်က ပထမဆုံး ဖြစ်လာမှာဖြစ်ပါတယ်။

Ref: GSMArena