MediaTek ကနေ Midrange Chipset အသစ်ဖြစ်တဲ့ Dimensity 7200 Chipset ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Chipset အသစ်ဟာ လက်ရှိ MediaTek ရဲ့ Flagship Chipset ဖြစ်တဲ့ Dimensity 9200 လိုမျိုး 4nm Architecture ကို အခြေခံထားပါတယ်။ ဒါကြောင့် ပထမဆုံးသော 4nm Architecture ကို အသုံးပြုထားတဲ့ Midrange Chipset ဖြစ်လာမှာပါ။

Dimensity 7200 Chipset ဟာ Octa-core Chipset အမျိုးအစားဖြစ်ပြီး 2.8GHz Cortex-A715 Core ၂ လုံးအပြင် Cortex-A510 Efficiency Core ၆ လုံးပါဝင်မှာဖြစ်ပါတယ်။ MediaTek ရဲ့ ပြောကြားချက်အရ ယခု Dimensity 7200 Chipset ဟာ Qualcomm Snapdragon 7 Gen1 ထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်မယ်လို့ သိရပါတယ်။


GPU ပိုင်းကို Quad-core ARM Mali G610 GPU ကို အသုံးပြုထားပြီး Manhattan GFX Benchmark မှာ 100~120fps ရရှိနိုင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာ Full HD+ 120Hz Refresh Rate အထိ ထောက်ပံ့ပေးနိုင်မှာပါ။

ကျန်တဲ့ Feature တွေအနေနဲ့ 200MP Camera တွေအထိ ထောက်ပံ့ပေးနိုင်တဲ့ Imagiq 765 နဲ့ 14-bit HDR ISP တွေပါဝင်မှာဖြစ်ပါတယ်။ Video ပိုင်းမှာ 4K HDR Video တွေကို ရိုက်ကူးနိုင်မယ့်အပြင် All-pixel Autofocus နည်းပညာကို အသုံးပြုပြီး 1080p Dual Video Capture ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Computational Photography နဲ့ Battery စားသုံးမှုကို လျော့ချပေးနိုင်ဖို့အတွက် MediaTek ရဲ့ APU (AI Processing Unit) လည်းပါဝင်မှာပါ။

Network ပိုင်းမှာ အမြင့်ဆုံး 4.7Gbps အထိ Download Speed ရရှိနိုင်မယ့် sub-6GHz 5G Network ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ တခြား Dual 5G SIM ၊ Dual VoNR ၊ Wi-Fi 6E နဲ့ Bluetooth 5.3 လိုမျိုး Feature တွေ၊ 6400Mbps RAM နဲ့ UFS 3.1 Storage တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

MediaTek ရဲ့ ယခု Dimensity 7200 Chipset ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၃ ခုနှစ် ပထမဆုံး ၃ လပါတ်အတွင်းမှာ စတင်တွေ့ရမယ်လို့ သိရပါတယ်။

Ref – GSM Arena