ပြီးခဲ့တဲ့နှစ်တုန်းက MediaTek ကနေ Mid Range Gaming Chipset တွေဖြစ်တဲ့ G90 နဲ့ G90T Chipset တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Chipset တွေဟာ Mid Range ဖုန်းတွေကြားမှာ အောင်မြင်ခဲ့သလို အခုလည်း MediaTek ကနေ နောက်ထပ် G Series Chipset အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဒါကတော့ MediaTek Helio G95 Chipset ပဲဖြစ်ပြီး မနှစ်တုန်းက Helio G90T ထက်တောင် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း GPU Performance ပိုင်းမှာပဲ 5% ပိုသာမှာဖြစ်တဲ့အတွက် အရမ်းသိသာမှာတော့မဟုတ်ပါဘူး။

CPU ပိုင်းအနေနဲ့ကတော့ 12nm Architecture ကို အသုံးပြုထားပြီးတော့ 2.05GHz Cortex-A76 Core ၂ လုံးနဲ့ 2GHz Cortex-A55 Core ၆ လုံးပါဝင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ အမြင့်ဆုံး 10GB အထိ Support ပြုလုပ်ပြီးတော့ UFS 2.1 Storage ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

MediaTek Helio G95 Chipset ဟာ Display အနေနဲ့ 90Hz Full HD+ Display တွေကို Support ပြုလုပ်နိုင်မှာဖြစ်တဲ့အပြင် 64MP Camera Setup ၊ 4K 30fps Video Recording တွေကိုပါ ကောင်းကောင်းကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Dimensity Series Chipset တွေလိုမျိုး 5G Support ကတော့ ပါဝင်မှာမဟုတ်ပါဘူး။

အဆိုပါ Helio G95 Chipset ကို realme 7 စမတ်ဖုန်းမှာ အစောဆုံးတွေ့ရှိရမှာဖြစ်ပြီး တခြားသော Mid Range ဖုန်းအများအပြားမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။

Ref – GSM Arena