MediaTek ဟာ အခုနောက်ပိုင်း Chipset တွေကို အများအပြားထုတ်လုပ်ပြီး စျေးကွက်အတွင်းမှာ ဆက်တိုက်အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။ အခုလည်း MediaTek ကနေ စမတ်ဖုန်းအတွက် Chipset တွေကို ထုတ်လုပ်နေတဲ့အပြင် Chromebook တွေအတွက်ပါ Chipset အသစ်တွေကို မိတ်ဆက်လိုက်ပါပြီ။​

MediaTek ကနေ Chromebook တွေအတွက် မိတ်ဆက်လိုက်တဲ့ Chipset တွေကတော့ MediaTek Kompanio 520 နဲ့ Kompanio 528 ဖြစ်ပါတယ်။ အဆိုပါ Chipset တွေဟာ Chromebook တွေမှာ ပိုကောင်းမွန်တဲ့ Display ၊​ Power Management ပိုင်းနဲ့ တခြားသော Feature တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

MediaTek Kompanio 520 နဲ့ 528 Chipset တွေဟာ ARM Cortex-A76 Core တွေကို အဓိကအသုံးပြုထားပြီး စုစုပေါင်း 8-Core ပါဝင်မှာဖြစ်ပါတယ်။ Clock Speed အနေနဲ့ကတော့ Kompanio 520 ဟာ 2.0GHz ဖြစ်ပြီး Kompanio 528 ဟာ 2.2GHz ရှိမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Dual-core GPU အပြင် AI စွမ်းဆောင်ရည်ပိုင်းအတွက် Integrated APU ကိုလည်း ထည့်သွင်းပေးထားပါတယ်။

အဆိုပါ Chipset အသစ်တွေဟာ Display ပိုင်းမှာ Full HD+ Resolution ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး နောက်ထပ် Full HD Resolution ရှိတဲ့ Secondary Display ကိုပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ RAM အနေနဲ့ LPDDR4x RAM နဲ့ Storage ပိုင်းမှာ eMMC 5.1 တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။​ ကျန်တဲ့ Feature တွေအနေနဲ့ 60fps FHD Video ရိုက်ကူးနိုင်မယ့် 32MP Camera ၊ HiFi-5 DSP ၊​ Wi-Fi 6 တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

MediaTek ရဲ့ပြောကြားချက်အရတော့ ယခု Chipset အသစ်တွေကို အသုံးပြုထားတဲ့ Chromebook တွေကို လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ စတင်ထွက်ရှိလာမယ်လို့ သိရပါတယ်။

Ref – Gizmo China