MediaTek ရဲ့ Dimensity Series Chipset တွေဟာ 5G Support ရရှိတဲ့အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း တခြားသော Qualcomm နဲ့ HiSilicon Kirin Chipset တွေနဲ့ ယှဥ်ပြိုင်နိုင်တယ်လို့ ပြောနိုင်ပါတယ်။ အခုလည်း MediaTek ကနေ Mid Range ဖုန်းတွေအတွက် ရည်ရွယ်တဲ့ Dimensity 720 5G Chipset ကို မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ Dimensity 720 Chipset ဟာ လက်ရှိ Mid Range ဖုန်းတွေမှာ အသုံးပြုနေတဲ့ Dimensity 800 Chipset အောက်မှာရှိနေပြီးတော့ Qualcomm Snapdragon 720G နဲ့ 730 Chipset တွေနဲ့ ယှဥ်ပြိုင်နိုင်မယ်လို့ ယူဆရပါတယ်။

Dimensity 720 Chipset ဟာ TSMC ရဲ့ 7nm Architecture ကို အခြေခံထားတာဖြစ်ပြီး 5G Network အနေနဲ့ကတော့ sub-6GHz 5G Network ကို Support ပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Chipset မှာ Network နဲ့ Content Awareness Intelligence ကိုအသုံးပြုပြီး Battery Life ကိုချွေတာပေးနိုင်တဲ့ MediaTek 5G UltraSave နည်းပညာလည်းပါဝင်မယ်လို့ သိရပါတယ်။

Octa-Core CPU အမျိုးအစားဖြစ်ပေမယ့် High Performance ပိုင်းအတွက် 2.0GHz Cortex-A76 Cores ၂ လုံးပါဝင်မှာဖြစ်ပြီး Mali G57 GPU ၊ 12GB LPDDR4X RAM Support နဲ့ UFS 2.2 Storage တွေအထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ MiraVision HDR10+ နဲ့ 90Hz Refresh Rate အထိ Support ပြုလုပ်နိုင်ဦးမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 64MP Single Sensor သို့မဟုတ် 20MP + 16MP Dual Sensor Setup တွေကို Support ပေးနိုင်မှာဖြစ်ပါတယ်။ MediaTek ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Dimensity 720 Chipset အသုံးပြုထားတဲ့ဖုန်းတွေကို North America ၊ Europe နဲ့ Asia Region တွေမှာ ရောင်းချသွားမှာဖြစ်ပြီး ဘယ်အချိန်မှာစတင်မြင်ရမလဲဆိုတာကိုတော့ အတည်ပြုသွားခဲ့ခြင်းမရှိပါဘူး။

Ref – Gizmo China