MediaTek ဟာ အခုအချိန်မှာ Chipset ရောင်းအားပိုတက်လာပြီး ယခုနှစ်အတွင်းမှာ Chipset ပေါင်း သန်း ၂၀၀ အထိတင်ပို့နိုင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပြောင်းလဲပြီးသတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီအတွက် အခုဆိုရင် Dimensity 800 နဲ့ 600 Series တွေလိုမျိုး Mid Range စျေးကွက်အတွက် 5G Chipset တွေကို ဆက်တိုက်ထုတ်လုပ်လာခဲ့တာပါ။

အခုလည်း MediaTek ကနေ Entry-level စမတ်ဖုန်းတွေအတွက် 5G Chipset အသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့သိရပါတယ်။ လက်ရှိပေါက်ကြားထားတဲ့သတင်းတွေအရတော့ MediaTek ဟာ အဆိုပါ Entry-level 5G Chipset ကို ယခုဇူလိုင်လအတွင်းမှာ မိတ်ဆက်ဖို့ ဖြစ်နိုင်ခြေများနေတယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ MediaTek Chipset တွေကို Xiaomi ၊ OPPO အပါအဝင် Huawei နဲ့ Honor လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေကပါ အသုံးပြုနေကြတာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအနေနဲ့လည်း Dimensity 800 နဲ့ 820 Chipset တွေက ပြိုင်ဘက်လို့ပြောနိုင်တဲ့ Snapdragon 730G နဲ့ 765G လို Chipset တွေထက်တောင် စွမ်းဆောင်ရည်ပိုကောင်းနေတာလည်းဖြစ်ပါတယ်။

MediaTek Dimensity 600 Series တွေလိုမျိုး Chipset တွေကလည်း တရားဝင်မိတ်ဆက်ရခြင်းမရှိသေးပေမယ့် လက်ရှိအချိန်မှာ စမတ်ဖုန်းကုမ္ပဏီတွေဆီကနေ အမှာစာအများအပြားရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် MediaTek ဟာ ယခုနှစ်မှာတော့ Chipset Maker တွေထဲမှာ သိသိသာသာကိုအောင်မြင်လာဖို့သေချာနေပါပြီ။

Ref – Gizmo China