[Zawgyi]

တရားဝင္မေၾကညာခင္ တစ္ရက္အလိုမွာ Meizu 16Xs အေၾကာင္းဟာ ေပါက္ၾကားမႈျဖစ္ေပၚခဲ့ပါေသးတယ္။ ေပါက္ၾကားခဲ့တဲ့ အခ်က္အလက္ေတြဟာ တရားဝင္ထုတ္ျပန္တဲ့ အခ်က္အလက္ေတြနဲ႔ အတူတူပဲ ျဖစ္ခဲ့ပါတယ္။ Meizu 16Xs ဟာ 16.2-inch Super AMOLED panel နဲ႔ျဖစ္ၿပီး 1080 x 2232px resolution နဲ႔ပဲ ျဖစ္ပါတယ္။

Snapdragon 675 SoC ကို အသုံးျပဳထားၿပီး 6GB of RAM နဲ႔ 64GB ဒါမွမဟုတ္ 128GB storage ကို တြဲဖက္ေပးထားတာလည္း ျဖစ္ပါတယ္။ လူအမ်ားစိတ္ဝင္စားေနတဲ့ ေက်ာဘက္ကင္မရာသုံးလုံးကေတာ့ 48MP + 8MP + 5MP တို႔ပဲ ျဖစ္ၾကပါတယ္။ အဓိကကင္မရာျဖစ္တဲ့ 48MP ကေတာ့ f/1.7 အပါခ်ာနဲ႔ျဖစ္ၿပီး၊ 8MP ကေတာ့ wide-angle အပါခ်ာ f/2.2 နဲ႔ျဖစ္ပါတယ္။ တတိယကင္မရာကေတာ့ အလွ႐ိုက္ဓါတ္ပုံေတြအတြက္ depth sensor အဓိကျဖစ္ပါတယ္။

အေရွ႕ဘက္က Selfie ကင္မရာကေတာ့ 6MP selfie ျဖစ္ၿပီး f/2.2 အပါခ်ာနဲ႔ ျဖစ္ပါတယ္။ Meizu 16Xs မွာ အသုံးျပဳထားတဲ့ ဘက္ထရီဟာ 4,000mAh ပမာဏျဖစ္ၿပီး 18W အားသြင္းစနစ္ျဖစ္တဲ့ mCharge ေထာက္ပံ့ေပးထားပါတယ္။ စမတ္ဖုန္းကို ေမာင္းႏွင္တာကေတာ့ Android 9.0 Pie အေျခခံ Flyme OS 7 ျဖစ္ပါတယ္။ 3.5mm audio jack ကေတာ့ ပါဝင္လာျခင္း မရွိပါဘူး။

Meizu 16Xs ကို Midnight Black, Atlantis Blue, Coral Orange နဲ႔ Silk White စတဲ့အေရာင္ ေလးမ်ိဳးေ႐ြးခ်ယ္ႏိုင္ပါတယ္။ 6GB/64GB အမ်ိဳးအစားကေတာ့ CNY1,698 ($245) ျမန္မာေငြ ၃သိန္း ၇ေသာင္းဝန္းက်င္ ျဖစ္ၿပီး သူ႔ထက္ သိုေလွာင္မႈပိုမ်ားတဲ့ 6GB/128GB အမ်ိဳးအစားကေတာ့ CNY1,998 ($289) ျမန္မာေငြ ၄ သိန္း ၄ ေသာင္းဝန္းက်င္ ျဖစ္ပါတယ္။ ဒီေမာ္ဒယ္ႏွစ္မ်ိဳးစလုံးကို လာမယ့္ ဇြန္လ ၁၀ ရက္ေန႔မွ စတင္ေရာင္းခ်မယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 675, UD fingerprint နဲ့ ကျောဘက်ကင်မရာ သုံးလုံးပါဝင်တဲ့ Meizu 16Xs ကို ကြေညာ

တရားဝင်မကြေညာခင် တစ်ရက်အလိုမှာ Meizu 16Xs အကြောင်းဟာ ပေါက်ကြားမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေဟာ တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေနဲ့ အတူတူပဲ ဖြစ်ခဲ့ပါတယ်။ Meizu 16Xs ဟာ 16.2-inch Super AMOLED panel နဲ့ဖြစ်ပြီး 1080 x 2232px resolution နဲ့ပဲ ဖြစ်ပါတယ်။

Snapdragon 675 SoC ကို အသုံးပြုထားပြီး 6GB of RAM နဲ့ 64GB ဒါမှမဟုတ် 128GB storage ကို တွဲဖက်ပေးထားတာလည်း ဖြစ်ပါတယ်။ လူအများစိတ်ဝင်စားနေတဲ့ ကျောဘက်ကင်မရာသုံးလုံးကတော့ 48MP + 8MP + 5MP တို့ပဲ ဖြစ်ကြပါတယ်။ အဓိကကင်မရာဖြစ်တဲ့ 48MP ကတော့ f/1.7 အပါချာနဲ့ဖြစ်ပြီး၊ 8MP ကတော့ wide-angle အပါချာ f/2.2 နဲ့ဖြစ်ပါတယ်။ တတိယကင်မရာကတော့ အလှရိုက်ဓါတ်ပုံတွေအတွက် depth sensor အဓိကဖြစ်ပါတယ်။

အရှေ့ဘက်က Selfie ကင်မရာကတော့ 6MP selfie ဖြစ်ပြီး f/2.2 အပါချာနဲ့ ဖြစ်ပါတယ်။ Meizu 16Xs မှာ အသုံးပြုထားတဲ့ ဘက်ထရီဟာ 4,000mAh ပမာဏဖြစ်ပြီး 18W အားသွင်းစနစ်ဖြစ်တဲ့ mCharge ထောက်ပံ့ပေးထားပါတယ်။ စမတ်ဖုန်းကို မောင်းနှင်တာကတော့ Android 9.0 Pie အခြေခံ Flyme OS 7 ဖြစ်ပါတယ်။ 3.5mm audio jack ကတော့ ပါဝင်လာခြင်း မရှိပါဘူး။

Meizu 16Xs ကို Midnight Black, Atlantis Blue, Coral Orange နဲ့ Silk White စတဲ့အရောင် လေးမျိုးရွေးချယ်နိုင်ပါတယ်။ 6GB/64GB အမျိုးအစားကတော့ CNY1,698 ($245) မြန်မာငွေ ၃သိန်း ၇သောင်းဝန်းကျင် ဖြစ်ပြီး သူ့ထက် သိုလှောင်မှုပိုများတဲ့ 6GB/128GB အမျိုးအစားကတော့ CNY1,998 ($289) မြန်မာငွေ ၄ သိန်း ၄ သောင်းဝန်းကျင် ဖြစ်ပါတယ်။ ဒီမော်ဒယ်နှစ်မျိုးစလုံးကို လာမယ့် ဇွန်လ ၁၀ ရက်နေ့မှ စတင်ရောင်းချမယ်လို့လည်း သိရပါတယ်။

Ref: GSMArena