ရက်သတ္တပတ်အနည်းငယ်ကြာအောင် Teaser တွေထုတ်ပြန်ခဲ့ပြီးတဲ့နောက် Meizu ဟာ Meizu 17 နဲ့ 17 Pro ဖုန်းတွေကို တရားဝင်မိတ်ဆက်လာခဲ့ပါပြီ။ Specs ပိုင်းမှာ ဖုန်းနှစ်လုံးဟာ အတော်လေးဆင်တူပြီး Pro မှာတော့ ပိုကောင်းတဲ့ အရန်ကင်မရာ၊ ကြိုးမဲ့အားသွင်းစနစ်နဲ့ ပိုမြန်တဲ့ RAM ပမာဏတို့ ပါဝင်ပါတယ်။ Meizu 17 ဖုန်းနှစ်လုံးဟာ Meizu အတွက် ပထမဆုံး 5G ထုတ်ကုန်တွေလည်းဖြစ်ပါတယ်။

နောက်ဘက်မှာ ဖုန်းနှစ်လုံးစလုံးရဲ့ အဓိက Sensor ကို 64MP Sony IMX686 ပဲအသုံးပြုလာပါတယ်။ Meizu 17 Pro မှာ 32MP Ultrawide + 8MP Telephoto အရန်ကင်မရာနှစ်လုံးနဲ့အတူ Samsung ရဲ့ S5K3 3D TOF Sensor အသစ်လည်း ပါဝင်လာတယ်။ ရိုးရိုး 17 မှာတော့ 12MP + 8MP Ultrawide + 5MP Macro ကင်မရာသုံးလုံးနဲ့ တွဲဖက်ထားပါတယ်။

Meizu 17 ဖုန်းနှစ်လုံးမှာ Snapdragon 865 Flagship ချစ်ပ်ဆက်အသစ်ကိုပဲ အသုံးပြုလာပြီး မန်မိုရီပိုင်းမှာတော့ Pro ဗားရှင်းက 12GB RAM နဲ့ဖြစ်ကာ Vanilla ဗားရှင်းကတော့ 8GB LPDDR4X သာပါဝင်ပါတယ်။ Storage မှာတော့ UFS 3.1 အမျိုးအစား 128GB/256GB နှစ်မျိုးရရှိနိုင်မှာပါ။

ဘက္ထရီတွေကလည်း 4,500mAh နဲ့ 30W အားသွင်းစနစ်အတူတူဖြစ်ပေမယ့် Pro ဗားရှင်းမှာ 27W ကြိုးမဲ့အားသွင်းစနစ်ပိုပါတယ်။ Android 10 အခြေခံ Flyme 8.1 OS ပဲအသုံးပြုရမှာပါ။

Meizu 17 ဟာ အစိမ်းရောင်၊ အညိုရောင်နဲ့ အဖြူရောင်သုံးမျိုးထွက်လာပြီး 8/128GB မော်ဒယ်က တရုတ်ယွမ် ၃၆၉၉ (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) ကျသင့်ကာ 8/128GB မော်ဒယ်ကတော့ ယွမ် ၃၉၉၉ (မြန်မာကျပ်ငွေ ၇ သိန်း ၉ သောင်းနီးပါး) သတ်မှတ်ထားပါတယ်။

Meizu 17 Pro က Mint Green, Black နဲ့ White သုံးမျိုးဖြစ်ကာ အခြေခံ 8/128GB အတွက် ယွမ် ၄၂၉၉ (မြန်မာငွေ ရှစ်သိန်းခွဲခန့်) သတ်မှတ်ထားပြီး 12/256GB ဗားရှင်းက ယွမ် ၄၆၉၉ (မြန်မာငွေ ကိုးသိန်းနှစ်သောင်းကျော်) ကျသင့်မှာပါ။ တရုတ်ပြည်တွင်းမှာတော့ မေလ ၁၁ ရက်နေ့မှာ ဈေးကွက်ထဲ စတင်ရောက်ရှိမှာဖြစ်ပါတယ်။

Ref – GSMArena