Meizu ကနေ မကြာခင်မှာ ဒီနှစ်အတွက် Flagship ဖုန်းသစ်တစ်လုံးဖြစ်တဲ့ Meizu 17 ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင် Meizu ကနေ အဆိုပါ Meizu 17 ဖုန်းကိုမှ Special Edition အနေနဲ့ပါ မိတ်ဆက်လာဦးမယ့်ပုံစံပါပဲ။

Meizu ကနေ ထုတ်လုပ်သွားမယ့် Special Edition ကတော့ အခုနောက်ပိုင်းစမတ်ဖုန်းကုမ္ပဏီတွေလိုမျိုး ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Audi နဲ့ ပူးပေါင်းထားတာဖြစ်ပါတယ်။ ကားအနေနဲ့ကတော့ အခုနောက်ဆုံးမိတ်ဆက်ထားတဲ့ Audi RS6 ကို ဓါတ်ပုံမှာဖော်ပြထားပြီးတော့ Meizu 17 ရဲ့ နော်ကဖက်မှာလည်း RS17 ဆိုပြီး တံဆိပ်ကပ်ထားတာကို တွေ့ရပါတယ်။

Meizu 17 Audi Special Edition ရဲ့ နောက်ကျောဘက်ဓါတ်ပုံအရတော့ Quad Camera Setup မှာလည်း အနီရောင် Ring Line လေးတွေကိုတွေ့ရပြီးတော့ နောက်ကျောဘက် Texture ကိုလည်း ခဲရောင် Texture ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ Design ပိုင်းအနေနဲ့ကတော့ တော်တော်လေးကိုလှတယ်လို့ ပြောလို့ရပါတယ်။

Meizu 17 စမတ်ဖုန်းဟာ Hole-punch Display ၊ Qualcomm Snapdragn 865 5G Processor တွေပါဝင်မှာဖြစ်ပြီးတော့ လာမယ့် ဧပြီလအတွင်းမှာ တရားဝင်မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China