Meizu က ဒီနှစ်မှာ စွမ်းရည်မြင့် Meizu 17 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ကြေညာဖို့ သတင်းထွက်ခဲ့တာ ဖြစ်ပေမယ့် အခုထက်ထိ မဖြစ်လာသေးပါဘူး။ မကြာသေးခင်က ဒီလ ၁၇ ရက်နေ့မှာ မိတ်ဆက်တော့မယ်လို့ သတင်းထွက်ခဲ့သေးပေမယ့် Meizu က mSmart 5G နည်းပညာကိုပဲ ကြေညာသွားခဲ့ပါတယ်။

အခုတော့ Meizu က ပိုစတာ ၁ ခုကို မျှဝေလိုက်ပြီး Meizu 17 ကို ဒီလ ၂၂ ရက်နေ့မှာ ကြေညာမယ့် အထောက်အထားကို ပြသထားပါတယ်။ ပိုစတာမှာ Meizu 17 ရဲ့ အရှေ့ဘက် ဓါတ်ပုံ ပါလာပြီး မျက်နှာပြင် ညာဘက်အထက်မှာ Punch Hole ကင်မရာကို တွေ့ရပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ သေချာသလောက်ရှိပါတယ်။

Meizu 17 မှာ ၁၇ ရက်နေ့က ကြေညာခဲ့တဲ့ mSmart 5G နည်းပညာ ထည့်သွင်းထားမှာ ဖြစ်ပြီး တခြား ပေါက်ကြားနေတဲ့ သတင်းတွေအရ 90Hz OLED မျက်နှာပြင် ပါလာမှာပါ။ အနောက်ကင်မရာ ၄ လုံးနဲ့ Meizu 17 မှာ 30W Fast Charging ၊ Meizu 17 Pro မှာ 65W Fast Charging တွေ ထည့်သွင်းထားနိုင်ပါတယ်။

Meizu 17 Series ကို တရုတ်မှာ အစောဆုံး ရောင်းမှာ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။ လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီ ဖုန်းတွေရဲ့ တရားဝင် သတင်းအချက်အလက်တွေကို သိလာရတော့မှာပါ။

Ref : gsmarena