Meizu ရဲ့ နောက်ထုတ်မယ့် 17 Series ရဲ့ သတင်းများစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ Meizu 17 ကို တရုတ်က ကုမ္ပဏီရဲ့ အွန်လိုင်း စတိုးနဲ့ တခြား အွန်လိုင်း စတိုးများစွာမှာ အမှာစာတင်သွင်းနိုင်ပြီ ဖြစ်ပါတယ်။ Meizu 17 အပြင် Pro Version နဲ့ Meizu 17T ကိုလည်း JD.com မှာ တွေ့ရပါတယ်။ ဒါပေမယ့် Specs တွေကို မဖော်ပြထားပါဘူး။

အခုတော့ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ Meizu 17 ရဲ့ ဓါတ်ပုံတွေကို ပြသထားပြီး အညိုနဲ့ အစိမ်းရောင်တွေတွေ့ရပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်ကို မြင်ရပြီး ညာဘက်အထက်နားမှာ အရွယ်သေး Punch Hole ၁ ခု ပါလာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ LED Flash ၁ လုံးကို အလျားလိုက် တပ်ဆင်ထားပါတယ်။

Meizu ရဲ့ တရားဝင် ဝီဘို အကောင့်မှာ 17 Pro အတွက် Azure Green အရောင်ထုတ်လုပ်ထားမယ်လို့ ဖော်ပြထားပြီး Meizu 17 ရဲ့ အစိမ်းရင့်ရောင်ထက် ဖျော့တော့ပါတယ်။ Meizu 17 Series တွေကို ကြေညာဖို့ ရက်ပိုင်းပဲ လိုပြီး သေချာတဲ့ သတင်းအရင်းအမြစ်တွေ ရထားပြီးပါပြီ။

အဲဒီဖုန်းတွေမှာ 90Hz Refresh Rate မျက်နှာပြင်၊ Snapdragon 865 Chipset ၊ 5G နဲ့ 64MP Main ကင်မရာတွေ ပါလာမှာပါ။ Meizu 17 မှာ 4,500mAh ဘက်ထရီ ၊ 30W Fast Wired Charging နဲ့ Pro မှာ 40W နဲ့ Wireless Charging တွေ ထည့်ထားမှာပါ။

Ref : gsmarena