တရုတ် စမတ်ဖုန်း ကုမ္ပဏီ Meizu က ၁၇ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲနေပြီး သတင်းစကား ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ကုမ္ပဏီ စတင်တည်ထောင်ကတည်းက အားပေးခဲ့တဲ့ တရုတ် နိုင်ငံရေး ခေါင်းဆောင်တွေကနေ Flyme Developers ၊ ကုန်ကြမ်း ထောက်ပံ့ပေးသူတွေ၊ Fans တွေနဲ့ မီဒီယာတွေကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

Meizu 17 ရဲ့ သတင်းစကားကိုလည်း ပြောကြားခဲ့ပြီး အဲဒီ ဖုန်းဟာ ကိုရိုနာဗိုင်းရက်စ်ကြောင့် ကြေညာဖို့ နောက်ကျနေတာပါ။ အခုတော့ ဧပြီလမှာ ကြေညာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ Meizu 17 မှာ နောက်မျိုးဆက် 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။

Meizu 17 ကို ဒီထက်စောပြီး ကြေညာဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် တရုတ်မှာ ကုန်ထုတ်လုပ်ငန်းတွေ ပြည့်ပြည့်ဝဝ မလုပ်နိုင်တဲ့အတွက် နောက်ကျသွားခဲ့တာပါ။ အဲဒီဖုန်းမှာ X55 Modem ပါတဲ့ Snapdragon 865 Chipset မောင်းနှင်ထားမှာ သေချာပါတယ်။ အရင်လက ထွက်ခဲ့တဲ့ သတင်းအရ 90Hz Refresh Rate ကို ထောက်ပံ့တဲ့ OLED Panel ပါလာနိုင်ပါတယ်။

Meizu ဟာ လက်ရှိ ခေတ်စားနေတဲ့ Trends ကို လိုက်လေ့မရှိတဲ့အတွက် Meizu 17 မှာ Notch , Holes တွေ မပါလာနိုင်ပါဘူး။ Meizu 16 Series မှာ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်က ဘောင်ဟာ အရမ်းပါးလွှာပြီး Meizu 17 မှာလည်း ဒီအတိုင်း ဖန်တီးထားနိုင်ပါတယ်။ ကင်မရာ ၃ လုံး၊ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ၊ Android 10 အခြေပြု FlymeOS နဲ့ Meizu 16s Pro ရဲ့ 24W ထက် ပိုလန်းတဲ့ အားအမြန်သွင်းစနစ်တွေ ပါလာနိုင်ပါတယ်။

Ref : gsmarena