Unicode

Meizu ဟာ ယခင်တုန်းကတော့ Xiaomi နဲ့ အပြိုင်အဆိုင် စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ဖုန်းထုတ်လုပ်မှုရော၊ ရောင်းအားရော ကျဆင်းလာပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုသိရတဲ့သတင်းအရ နောက်နှစ်မှာ Meizu ကနေ 5G စမတ်ဖုန်းတွေနဲ့ စျေးကွက်ထဲကို ပြန်ဝင်ရောက်လာမှာပါ။

အခုသတင်းကိုတော့ Meizu ရဲ့ Chief Technology Office (CTO) ဖြစ်တဲ့ Liang Dongming ကနေ မီဒီယာတွေနဲ့ Interview တစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Meizu ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ 5G စမတ်ဖုန်းတွေနဲ့ Brand First Strategy ကို ပြန်လည်ဆောင်ရွက်သွားဖို့ရှိနေတယ်လို့ ပြောကြားခဲ့တာပါ။

Liang Dongming ရဲ့ ပြောကြားချက်အရတော့ Meizu ကနေ 5G စမတ်ဖုန်းတွေကို အခုနှစ်အတွင်း မမိတ်ဆက်ခဲ့တာက လက်ရှိ Snapdragon X50 5G Modem အစား Snapdragon 865 Processor မှာပါဝင်လာမယ့် X55 Modem ကို အသုံးပြုဖို့အတွက် စောင့်ဆိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Meizu အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်မှာ Snapdragon 865 Processor ကို သုံးထားတဲ့ 5G Flagship တွေကို ပထမဆုံး ၃ လပတ်မှာတင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Meizu က လာမယ့် နှစ်မှာ အနည်းဆုံး 5G Flagship ဖုန်းတွေကို ၄ လုံးအထိ မိတ်ဆက်သွားမှာဖြစ်သလို တခြားသော AIoT ၊ AR/VR အပြင် 5G နဲ့ သက်ဆိုင်တဲ့ Product တွေကိုပါ မိတ်ဆက်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China

Zawgyi

Meizu ဟာ ယခင္တုန္းကေတာ့ Xiaomi နဲ႔ အၿပိဳင္အဆိုင္ စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ ဖုန္းထုတ္လုပ္မႈေရာ၊ ေရာင္းအားေရာ က်ဆင္းလာၿပီျဖစ္ပါတယ္။ ဒါေပမယ့္ အခုသိရတဲ့သတင္းအရ ေနာက္ႏွစ္မွာ Meizu ကေန 5G စမတ္ဖုန္းေတြနဲ႔ ေစ်းကြက္ထဲကို ျပန္ဝင္ေရာက္လာမွာပါ။

အခုသတင္းကိုေတာ့ Meizu ရဲ႕ Chief Technology Office (CTO) ျဖစ္တဲ့ Liang Dongming ကေန မီဒီယာေတြနဲ႔ Interview တစ္ခုမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ ေျပာၾကားခ်က္အရေတာ့ Meizu ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ 5G စမတ္ဖုန္းေတြနဲ႔ Brand First Strategy ကို ျပန္လည္ေဆာင္႐ြက္သြားဖို႔ရွိေနတယ္လို႔ ေျပာၾကားခဲ့တာပါ။

Liang Dongming ရဲ႕ ေျပာၾကားခ်က္အရေတာ့ Meizu ကေန 5G စမတ္ဖုန္းေတြကို အခုႏွစ္အတြင္း မမိတ္ဆက္ခဲ့တာက လက္ရွိ Snapdragon X50 5G Modem အစား Snapdragon 865 Processor မွာပါဝင္လာမယ့္ X55 Modem ကို အသုံးျပဳဖို႔အတြက္ ေစာင့္ဆိုင္းေနတာျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ Meizu အေနနဲ႔ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ Snapdragon 865 Processor ကို သုံးထားတဲ့ 5G Flagship ေတြကို ပထမဆုံး ၃ လပတ္မွာတင္ မိတ္ဆက္သြားမွာျဖစ္ပါတယ္။

Meizu က လာမယ့္ ႏွစ္မွာ အနည္းဆုံး 5G Flagship ဖုန္းေတြကို ၄ လုံးအထိ မိတ္ဆက္သြားမွာျဖစ္သလို တျခားေသာ AIoT ၊ AR/VR အျပင္ 5G နဲ႔ သက္ဆိုင္တဲ့ Product ေတြကိုပါ မိတ္ဆက္သြားဦးမွာျဖစ္တယ္လို႔ သိရပါတယ္။

Ref – Gizmo China