Mercedes က ဒီလ ၁၆ ရက်နေ့က စတင်ကာ အမေရိကန်က တန်ဖိုးကြီး ကားမော်ဒယ် တချို့မှာ ChatGPT ကို အသုံးပြုလို့ရမယ့် ၃ လ စမ်းသပ် အစီအစဉ်ကို ပြုလုပ်ပေးလိုက်ပါတယ်။ ChatGPT ပါတဲ့ ကားတွေမှာ ကားနဲ့ ယာဉ်မောင်းအကြားက ဆက်သွယ်ရေး ပိုမိုကောင်းလာပြီး စကားပြောရတာ ပိုမို သဘာဝကျလာမှာပါ။

Mercedes is getting ChatGPT in its cars for more 'human-like' interaction

MBUX ဥာဏ်ရည်မြင့် Human-computer Interaction စနစ်ပါတဲ့ ကား ၉၀၀,၀၀၀ ဝန်းကျင်မှာ ChatGPT ကို အသုံးပြုနိုင်မှာပါ။ စိတ်ဝင်စားတဲ့ ကားပိုင်ရှင်တွေဟာ Mercedes App ကနေ စမ်းသပ် အစီအစဉ်မှာ ပါဝင်နိုင်ပြီး ChatGPT Function ကို ကြိုးမဲ့ Download လုပ်နိုင်ပါတယ်။

Mercedes-Benz, Microsoft to test ChatGPT in vehicles

ကားပိုင်ရှင်တွေဟာ “Hey Mercedes” လို့ပြောကာ ChatGPT ကို ဆင့်ခေါ်နိုင်ပြီး အမိန့်တွေ ပေးတာ၊ ကားလမ်းကြောင်းနဲ့ စားသောက်ဆိုင်တွေ အပါအဝင် မေးခွန်းများစွာကို မေးနိုင်ပါတယ်။ အခု စမ်းသပ် အစီအစဉ်အောင်မြင်ရင် ကုမ္ပဏီက တခြားနိုင်ငံတွေမှာပါ ဘာသာစကားများစွာနဲ့ ChatGPT ကို ထောက်ပံ့ပေးတော့မှာပါ။

MBUX ပါတဲ့ Mercedes ကား မော်ဒယ်တွေထဲမှာ A 238, C 118, C 167, C 238, C 253, C 254, C 257, H 247, N 293, R 232, S 213, V 167, V 177, V 295, V 297, W 206, W 213, WV 223, X 167, X 243, X 247, X 253, X 254, X 294, X 296, Z 223 နဲ့ Z 296 တို့ ပါဝင်ပါတယ်။

Ref : gizmochina