Facebook ကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ အခုအချိန်မှာ Messenger App အတွက် အသုံးဝင်တဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းပေးသွားမယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ ဒါကတော့ Android နဲ့ iOS Version Messenger App တွေမှာ Calls Tab အသစ်ကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ Calls Tab ဟာ Messenger ကနေ ဖုန်းခေါ်ဆိုမှုတွေ၊ Video Call ခေါ်ဆိုမှုတွေအကုန်လုံးကို ဖော်ပြပေးသွားမှာဖြစ်ပြီး အသုံးပြုသူတွေအချင်းချင်း ချိတ်ဆက်နိုင်ဖို့ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူတွေကို ဖုန်းခေါ်ထားတယ်ဆိုတာ သိရှိဖို့အတွက် Conversation တစ်ခုချင်းစီကို ဝင်ကြည့်နေဖို့ မလိုအပ်တော့ပါဘူး။

Meta ရဲ့ ပြောကြားချက်အရတော့ Messenger ကို စာပို့ဖို့အတွက်ပဲ အသုံးပြုသူနေတဲ့သူတွေကိုလည်း အခု Calls Tab Feature ပါဝင်လာတာကြောင့် ဖုန်းခေါ်ဆိုမှုပိုင်းကို ပိုပြီး အသုံးပြုစေမှာဖြစ်ပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက Messenger App ကို Facebook ကနေ ခွဲထုတ်လိုက်ပြီး သီးသန့် App အနေနဲ့ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Meta ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်အစောပိုင်းနဲ့ နှိုင်းယှဥ်မယ်ဆိုရင် Audio နဲ့ Video Call တွေခေါ်ဆိုမှုဟာ ၄၀ ရာခိုင်နှုန်းပိုမိုမြင့်မားလာတယ်လို့ သိရပါတယ်။ နေ့စဥ် Messenger ကနေ ဖုန်းဆိုမှုတွေဟာ တစ်နေ့ကို သန်း ၃၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

Ref – The Verge