“ သင်ဟာ ကုန်ပစ္စည်းကို အခကြေးငွေ ပေးပြီး မဝယ်ဘူးဆိုရင် သင်ကိုယ်တိုင်က ကုန်ပစ္စည်း ဖြစ်မှာပါ။” ဆိုတဲ့ စကားပုံ တစ်ခု ရှိပါတယ်။ အဲဒီ စကားပုံအတိုင်းပဲ သင်ဟာ Facebook ကို အခမဲ့ အသုံးပြုနေရင် ကြော်ငြာတွေကို ကြည့်ရမှာပါ။

အခုတော့ Meta က Facebook နဲ့ Instagram ကို လစဉ်ကြေးပေးပြီး သုံးနိုင်တဲ့ ဝန်ဆောင်မှုကို ဥရောပမှာ ပြုလုပ်ပေးလိုက်ပြီး လစဉ်ကြေးပေးရင် ကြော်ငြာတွေကို မမြင်ရတော့ပါဘူး။

Facebook VS Instagram : 哪一個更適合你的品牌? | MarketingTips 小生意宣傳行銷教學

EU , EEA နဲ့ Switzerland မှ Facebook နဲ့ Instagram သုံးစွဲသူတွေဟာ Web အတွက် ၁ လကို ၉.၉၉ ယူရို၊ Android နဲ့ iOS အတွက် ၁ လကို ၁၂.၉၉ ယူရိုပေးသွင်းနိုင်ပြီး ကြော်ငြာတွေကို ပိတ်ထားနိုင်ပါတယ်။ အဲဒီ လစဉ်ကြေးဟာ User ၁ ယောက်ထဲက ပိုင်တဲ့ ချိတ်ဆက်ထားတဲ့ Facebook နဲ့ Instagram အကောင့်တွေအတွက် ၂၀၂၄ ခုနှစ် မတ်လအထိ အကျိုးသက်ရောက်မှာပါ။

အဲဒီနောက်မှာ လစဉ်ကြေးဟာ Web အတွက် ၆ ယူရို ၊ Android နဲ့ iOS အတွက် ၈ ယူရို ကျသင့်မှာပါ။ လစဉ်ကြေး မပေးရင် ပလက်ဖောင်း ၂ ခုစလုံးမှာ ကြော်ငြာတွေကို ကြည့်ရမှာပါ။

Meta rolls out paid ad-free option for European Facebook and Insta users  after privacy ruling | ABC27

Meta က “ လစဉ်ကြေး ပေးပြီး ကြော်ငြာ‌တွေကို ပိတ်ပင်ထားနိုင်တဲ့အတွက် User တွေအတွက် ရွေးချယ်စရာ ရှိလာပါတယ်။ Meta ဟာ EU, EEA နဲ့ Switzerland က လူတွေအတွက် ဆက်လက် ဝန်ဆောင်မှုပေးနေမှာပါ။ ဥရောပ သမဂ္ဂ တရားရုံး (CJEU) ကလည်း Meta ရဲ့ လစဉ်ကြေး ဝန်ဆောင်မှုဟာ မှန်ကန်သင့်တင့်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ “ လို့ ပြောပါတယ်။

Ref : gsmarena