Facebook ကအပြင် တခြားသော Social Media Service အများအပြားကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ အခုအချိန်မှာ Meta Pay အမည်ရတဲ့ Digital Wallet အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Meta Pay ဟာ ယခင်တုန်းက Facebook Pay ကို နာမည်ပြောင်းလဲထားတာဖြစ်ပေမယ့် နည်းပညာအသစ်တွေကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

Meta ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Meta Pay အဖြစ်ပြောင်းလဲလိုက်တာဟာ အဓိကအနေနဲ့ အချက် ၂ ချက်ကို ဖြေရှင်းသွားနိုင်မယ်လို့ သိရပါတယ်။ ဒါကတော့ Metaverse အတွင်းမှာ Digital Goods တွေကို ဝယ်ယူမှုအတွက်နဲ့ ပိုင်ဆိုင်မှုကို သက်သေပြနိုင်ဖို့အတွက်ဖြစ်ပါတယ်။

ဒါကြောင့် Metaverse အတွင်းမှာ Meta Pay ကို အသုံးပြုပြီး ဝယ်ယူမှုတိုင်းဟာ တခြားသော Service တွေ၊ Platform တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် အဆိုပါ Digital Item တွေမှာ တူညီတဲ့ Web3 အခြေခံထားတဲ့ Singular Digital Identity ရှိဖို့တော့ လိုအပ်မယ်လို့ သိရပါတယ်။

Mark Zuckerberg ကတော့ Metaverse အတွင်းမှာ Payment Method ကို တစ်ခုတည်းအနေနဲ့ Universal ထားရှိတာဟာ Content Creator တွေအပြင် Consumer တွေအတွက် ပိုပြီး အဆင်ပြေစေမယ်ဆိုပြီး ပြောကြားနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ မကြာသေးခင်ကလည်း Meta ဟာ Microsoft နဲ့ Epic Games အပါအဝင် နည်းပညာကုမ္ပဏီတွေနဲ့လည်း Metaverse အတွက် ပူးပေါင်းမှုတွေကို ဆောင်ရွက်ခဲ့ပါသေးတယ်။

Ref – News Bitcoin