Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ Cambridge Analytica အမှုကို ဒေါ်လာ ၇၂၅ သန်းနဲ့ ဖြေရှင်းဖို့ သဘောတူခဲ့ကြောင်း အမေရိကန် ခရိုင်တရားရုံးက ဖော်ပြလိုက်ပါတယ်။ အမှုဟာ သုံးစွဲသူ ၈၇ သန်းနီးပါးရဲ့ ဒေတာကို ပြင်ပကုမ္ပဏီတစ်ခုကို ဝင်ရောက်ခွင့်ပြုထားတယ်ဆိုတဲ့ ၂၀၁၈ ခုနှစ်ကတည်းက ဖွင့်ထားတဲ့ အမှုဖြစ်ပါတယ်။

Cambridge Analytica ဟာ အခုအချိန်မှာ မရှိတော့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ဒေါ်နယ်ထရမ့်ရဲ့ အောင်မြင်တဲ့ သမ္မတမဲဆွယ်ပွဲအတွက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ မဲဆန္ဒရှင်တွေရဲ့ ပရိုဖိုင်းတွေကို ဖော်ပြခြင်းနဲ့ အသုံးပြုသူတွေရဲ့ သဘောတူညီချက်အတွက် Facebook account တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကိစ္စဟာ ကမ္ဘာတစ်ဝန်းက အစိုးရတွေကို သူတို့ရဲ့ လျှို့ဝှက်ရေးဆိုင်ရာကျင့်ထုံးတွေကို ပြန်လည်သုံးသပ်ဖို့ တွန်းအားပေးခဲ့ပြီး Facebook ကလည်း Federal Trade Commission ရဲ့ စုံစမ်းစစ်ဆေးမှုကို ဖြေရှင်းဖို့ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၅ ဘီလီယံပေးဖို့နဲ့ US Securities and Exchange Commission ရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းဖို့အတွက် နောက်ထပ် ဒေါ်လာ သန်း ၁၀၀ ကိုပေးဖို့ သဘောတူညီခဲ့ပါတယ်။

စီရင်ချက်ကို ကယ်လီဖိုးနီးယားမြောက်ပိုင်းခရိုင် တရားရုံးရဲ့ ဆန်ဖရန်စ္စကိုဌာနခွဲက ဗဟိုတရားသူကြီး တစ်ဦးတစ်ယောက်ကမှ အတည်ပြုခြင်းတော့ မရှိသေးပါဘူး။ Meta ကတော့ ဘယ်အမှားအယွင်းကိုမှ ဝန်မခံသေးဘဲ “ကိုယ်ရေးကိုယ်တာဆိုင်ရာ ချဉ်းကပ်မှုကို ပြန်လည်ပြင်ဆင်ပြီး ပြည့်စုံတဲ့ကိုယ်ရေးကိုယ်တာ ပရိုဂရမ်ကို အကောင်အထည်ဖော်ခဲ့တယ်” လို့ပဲ ပြောနေတာ ဖြစ်ပါတယ်။

Ref: GSM Arena