နောက်ဆုံးဗားရှင်းဖြစ်တဲ့ MIUI 12 development version 6.15 update ကိုတင်ပြီးချိန်မှာ စပီကာအသံဟာ တိုးသွားတယ်လို့ Xiaomi အသုံးပြုသူအချို့က Xiaomi Community မှာ တိုင်ကြားကြပါတယ်။ သူတို့ဟာ ဗားရှင်းဟောင်း 5.24 နဲ့ယှဉ်ကြည့်ရင် ဗားရှင်းသစ် 6.15 မှာ စပီကာအသံထွက်တိုးသွားတယ်လို့ စောဒကတက်ကြတာ ဖြစ်ပါတယ်။

ဒီလိုစောဒကတက်မှုတွေဖြစ်ပေါ်လာတာကြောင့် ဗားရှင်းသစ်မှာ အမှန်တကယ်အမှားအယွင်းရှိမရှိ ဆုံးဖြတ်စစ်ဆေးဖို့ Xiaomi ရဲ့ MIUI အင်ဂျင်နီယာတွေဟာ တိုင်ကြားသူတွေကို ဆက်သွယ်ပြီးတွေ့ဆုံခဲ့ကြပါတယ်။ သူတို့ဟာ တိုင်ကြားထားတဲ့ အသုံးပြုသူတွေရဲ့ အိမ်ကိုသွားရောက်ကြပြီး အရင်ဗားရှင်းဟောင်းတင်ထားတဲ့ တူညီတဲ့စမတ်ဖုန်းနဲ့ နှိုင်းယှဉ်ပြသခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် MIUI အင်ဂျင်နီယာတွေတွေ့ရှိခဲ့ကြတာကတော့ ဗားရှင်းဟောင်းတင်ထားတဲ့ ဟန်းဆက်နဲ့၊ ဗားရှင်းသစ်တင်ထားတဲ့ဟန်းဆက်က ထွက်ပေါ်လာတဲ့ အသံနှုန်းထားဟာ အတူတူပဲဖြစ်နေတာကိုပါ။ ဒါကြောင့် အင်ဂျင်နီယာတွေဟာ ဟန်းဆက်တွေကို ကုမ္ပဏီရဲ့ Anechoic room ထိယူဆောင်ပြီး စမ်းသပ်ခဲ့ပေမယ့် ရလဒ်ကတော့ အတူတူပဲ ဖြစ်နေတာကို တွေ့လိုက်ကြရပါတယ်။

အသံထွက်နှုန်းထားအဆင့် တစ်ခုချင်းစီတိုင်းကို နှိုင်းယှဉ်တိုင်းတာခဲ့တာဖြစ်ပြီး နောက်ဆုံးအဆင့် ၁၅ ကွက်မြောက်တဲ့အထိ ကြိမ်နှုန်းတွေရဲ့ တုံ့ပြန်မှုက အတူတူပြ ဖြစ်တာကို တွေ့ခဲ့ကြရပါတယ်။ ဒါဟာ Software ပိုင်းနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့ အားထုတ်မှုကို သံသယရှိနေကြတဲ့ အသုံးပြုသူတွေအတွက် အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်မှုကို ဖြစ်စေခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

Ref: Gizmochina