Xiaomi Mi A1 က လက်ရှိအချိန်မှာ Xiaomi ရဲ့ ပထမဆုံးသော MIUI မဟုတ်တဲ့ Android One OS ကိုအသုံးပြုထားတဲ့ဖုန်းတစ်ခုဖြစ်ပြီးတော့ အခုမြန်မာနိုင်ငံမှာလည်း ဈေးကွက်အတွင်းမှာ ရောင်းရနေတဲ့ အလယ်အလတ်တန်းစားဖုန်းတစ်ခုလည်းဖြစ်ပါတယ်။

အခုအချိန်မှာ Xiaomi ကနေ Mi A1 စမတ်ဖုန်းကို Special Edition အနေနဲ့ အနီရောင်ကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ အဆိုပါ Mi A1 အနီရောင်ဟာ သာမန် Mi A1 စမတ်ဖုန်းနဲ့ အတွင်းပိုင်းကွာခြားချက်မရှိပဲနဲ့ အရောင်ပိုင်းပဲကွာခြားသွားမှာဖြစ်ပါတယ်။

Xiaomi Mi A1 Special Edition ရဲ့ Specification တွေကတော့

5.5-inch Full HD Display with 1920 x 1080 Resolution
Octa-core Qualcomm Snapdragon 625
4GB RAM
64GB Internal Storage expandable up to 128GB
Dual rear 12-megapixel cameras (wide angle + telephoto)
5-Megapixel Front Facing Camera
3,080mAh Battery
USB-C
Android 7.1 (Android 8.0 update coming soon)

Xiaomi ကနေ Mi 5X ကိုလည်း အနီရောင်ထုတ်လုပ်ခဲ့သေးတဲ့အတွက် အခုအချိန်မှာ Mi A1 ကိုလည်း အနီရောင်နဲ့ ဝယ်ယူနိုင်တော့မှာပါ။