Xiaomi ရဲ့ Mi Wallet မှာ Mi Pay သုံးဖို့ NFC မပါတဲ့ ဖုန်းတွေကို ထောက်ပံ့ပေးတဲ့ လုပ်ဆောင်ချက် အသစ် ၁ ခု ထည့်သွင်းပေးလိုက်ပါတယ်။ လက်ရှိမှာ အဲဒီ လုပ်ဆောင်ချက်ကို Redmi Note 7 , Redmi Note 5 နဲ့ Redmi 6 တို့အတွက်ပဲ ရရှိပါသေးတယ်။ အဲဒီ Compatible Devices မှာ App ရဲ့ Beta Version ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

Xiaomi က စမတ်ဖုန်းတွေမှာ Mi Pay ငွေပေးချမှု နည်းလမ်း Set Up ပြုလုပ်ရမယ့် အဆင့်တွေကို ဖော်ပြထားပါတယ်။ သုံးစွဲသူတွေဟာ Xiaomi Mi Wallet App ကို ဖွင့်ပြီးရင် Mi Pay ကို နှိပ်ရမှာပါ။ ပြီးရင် ဘဏ် ကဒ်ကို ထည့်သွင်းရမှာ ဖြစ်ပြီး လိုအပ်တဲ့ သတင်းတွေကို အတည်ပြုရမှာပါ။ Mi Pay ကနေ ငွေပေးချေတော့မယ်ဆိုရင် ပါဝါ ခလုတ်ကို ၂ ချက်နှိပ်ပြီး Mi Pay ကို ဆင့်ခေါ်ရမှာပါ။ လက်ဗွေစနစ်နဲ့ အတည်ပြုပြီးရင် QR Code နဲ့ ငွေပေးချေနိုင်ပါတယ်။

Xiaomi ဟာ ၂၀၁၆ ခုနှစ်မှာ ကိုယ်ပိုင် မိုဘိုင်း ငွေပေးချေတဲ့ စနစ်ကို ကြေညာခဲ့ပါတယ်။ Mi Pay လို့ နာမည်ပေးထားပြီး အဲဒီအချိန်တုန်းက Xiaomi ဟာ China UnionPay နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ Xiaomi က Mi Pay နဲ့ Samsung Pay , Apple Pay တို့ကို ယှဉ်ပြိုင်ခဲ့ပါတယ်။ Mi Pay မှာ ခရက်ဒစ်ကဒ် သတင်းအချက်အလက်တွေကို ကာကွယ်ဖို့ တိုကင်စနစ်ကို သုံးပြီး လုံခြုံရေးအတွက် သုံးစွဲသူတွေရဲ့ လက်ဗွေရာ စနစ်ကို သုံးထားပါတယ်။ သုံးစွဲသူတွေရဲ့ ဖုန်း ပျောက်သွားရင် Xiaomi Website ကနေ Mi Pay ကို ပိတ်နိုင်ပါတယ်။

Ref : gizmochina