Microsoft Office ဆိုတာက လူတိုင်းနီးပါးရင်းနှီးပြီးသားဖြစ်မှာပါ။ ကွန်ပျုတာတွေအတွက်ကတော့ Microsoft Office ဟာ အသုံးများတဲ့ Office Application တွေဖြစ်တဲ့ MS Word ၊ Excel နဲ့ PowerPoint လိုမျိုး Application တွေပါဝင်ပြီးဖြစ်ပေမယ့် Mobile App အနေနဲ့ကတော့ တစ်ခုချင်းစီ Download ပြုလုပ်ပြီး အသုံးပြုနေရတာဖြစ်ပါတယ်။

ဒီလိုမျိုး Mobile App တွေအများကြီးကို အသုံးပြုနေမယ့်အစား Microsoft ကနေ Android အတွက် All-in-one Microsoft Office App ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ All-in-one App ထဲမှာ အသုံးအများဆုံး Office App တွေဖြစ်တဲ့ Word ၊ Excel နဲ့ PowerPoint တွေ ပါဝင်မှာဖြစ်တဲ့အပြင် အခြား Feature တွေလည်း ပါဝင်ဦးမှာပါ။


ဒီ All-in-one Office App ကနေ Word ၊ Excel နဲ့ PowerPoint တွေအတွက် Quick Shortcut Feature တွေပါဝင်လာသလို ဖုန်းနဲ့ ကွန်ပျုတာအချင်းချင်း File တွေ Transfer ပြုလုပ်တာ၊ Google Files Go App လိုမျိုး Android ဖုန်းအချင်းချင်း File Transfer ပြုလုပ်တဲ့ Feature တွေပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ PDF Feature တွေဖြစ်တဲ့ Sign a PDF ၊ Scan to PDF လိုမျိုး Feature တွေအပြင် QR Code Scanner လို Feature တွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။

File တွေကို သိမ်းဆည်းဖို့အတွက်ကတော့ OneDrive ကို Sign-in ဝင်ရောက်ထားနိုင်ပြီးတော့ နောက်ထပ် Microsoft Account တွေကိုလည်း ထပ်မံထည့်သွင်းနိုင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Microsoft Office ကို All-in-one App အနေနဲ့ အသုံးပြုနိုင်တာက တော်တော်လေးကို Mobile Device တွေအတွက် အဆင်ပြေသွားပြီလို့ ပြောရမှာပါ။

Ref – 9to5Google