Microsoft ကနေ လက်ရှိအချိန်မှာ ကျောင်းသားတွေအတွက် ဈေးနှုန်းသက်သာတဲ့ လက်ရှိရောင်းအားကောင်း Google Chromebook တွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ဒေါ်လာ ၂၀၀ ဝန်းကျင်ပဲရှိတဲ့ Laptop တွေကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ပထမဆုံး Laptop ကတော့ Lenovo 100e ပဲဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၉၀ နဲ့ ရောင်းချမှာဖြစ်ပါတယ်။ အခုလိုမျိုး ဈေးနှုန်းအရ အလွန်သက်သာတဲ့အတွက် Processor ကိုတော့ Intel Celeron Processor ကိုပဲအသုံးပြုထားမှာဖြစ်ပါတယ်။ Lenovo ကနေ အခု Laptop အပြင် Touch Screen နဲ့ ခေါက်ချိုးထားနိုင်တဲ့ 300e Laptop နဲ့ Trigino V401 Laptop တွေကိုလည်း ပြသခဲ့ပြီး Windows Hello Feature ပါဝင်တဲ့ Classmate Leap T303 Laptop ကိုလည်း ဒေါ်လာ ၂၀၀ထဲနဲ့ ရောင်းချမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

HP ကလည်း အခုလိုမျိုး ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ HP Stream 11 Pro G4 FE Laptop ကို ပြသခဲ့ပြီး HD Screen ၊ RAM 4GB နဲ့ 64GB Storage တွေပါဝင်မှာဖြစ်ပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ Microsoft Windows Laptop တွေဟာ Windows 10 Operating System ပါဝင်ပြီးတော့ Microsoft Office 365 လည်းပါဝင်မှာဖြစ်တဲ့အတွက် အခုလိုမျိုး Software ပိုင်းနဲ့တင် ဒေါ်လာ ၂၀၀ လောက် တန်ဖိုးရှိနေမှာဆိုတော့ သာမန်ကျောင်းသားတွေအတွက်ကတော့ အခု Laptop တွေက အကောင်းဆုံးဖြစ်နေမှာဖြစ်ပါတယ်။