[Zawgyi]

Microsoft ဟာ သူ႔ရဲ႕ Windows ေတြမွာ တိုက္ခိုက္ခံရမႈေတြကေန ကာကြယ္ဖို႔ Windows Defender ကို ထည့္ေပးထားတာ အားလုံးလည္း သိၾကမွာပါ။ Windows Defender ေပၚေပါက္လာၿပီးတဲ့ေနာက္ပိုင္း Windows အသုံးျပဳသူ အေတာ္မ်ားမ်ားဟာ အျခား Antivirus Software ေတြမသုံးရင္ေတာင္မွ Windows Defenders ကိုေတာ့ မသုံးဘဲမေနၾကတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

အခုေတာ့ Microsoft က macOS အတြက္ပါ Windows Defender Antivirus Software ကို ထုတ္လုပ္ေပးလိုက္တယ္လို႔ သိရပါတယ္။ Microsoft Defender Advanced Threat Protection (ATP) အျဖစ္ အမည္ေျပာင္းလဲၿပီး ထုတ္လုပ္ေပးလိုက္တဲ့ ဒီ Software ဟာ macOS အတြက္ Virus နဲ႔ Threat ေတြကို အျပည့္အဝ ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

Mac ေတြဟာ Malware ေတြကို ခုခံရာမွာ Windows ေတြထက္အားနည္းတယ္လို႔ ဆိုရမွာပါ။ ဥပမာအားျဖင့္ Fake Flash Player installer ေတြ၊ Browser exploits နဲ႔ Apps ေတြလို႔ ဆိုရမွာပါ။ ဒီျပႆနာေတြအတြက္ Microsoft Defender Advanced Threat Protection က ေျဖရွင္းေပးႏိုင္တယ္လို႔ေတာ့ Microsoft က ေျပာထားပါတယ္။

Microsoft ဟာ ဒီ Antivirus Software ကို စီးပြားေရးလုပ္ငန္းေတြမွာ စမ္းသပ္အသုံးျပဳဖို႔အတြက္ပဲ အကန႔္အသတ္နဲ႔ ထုတ္ေပးေသးတာ ျဖစ္ပါတယ္။ အသုံးျပဳႏိုင္တာေတြကေတာ့ macOS Mojave, macOS High Sierra နဲ႔ MacOS Sierra စတာေတြပဲ ျဖစ္ပါတယ္။ macOS ရဲ႕ Client Update ျဖစ္ေနဖို႔အတြက္ေတာ့ AutoUpdate Software ကို အသုံးျပဳမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Ref: 9To5Mac

[Unicode]

Microsoft Windows Defender ကို Mac မှာ စမ်းသပ်အသုံးပြုခွင့်ပေးလိုက်ပြီ

Microsoft ဟာ သူ့ရဲ့ Windows တွေမှာ တိုက်ခိုက်ခံရမှုတွေကနေ ကာကွယ်ဖို့ Windows Defender ကို ထည့်ပေးထားတာ အားလုံးလည်း သိကြမှာပါ။ Windows Defender ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း Windows အသုံးပြုသူ အတော်များများဟာ အခြား Antivirus Software တွေမသုံးရင်တောင်မှ Windows Defenders ကိုတော့ မသုံးဘဲမနေကြတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

အခုတော့ Microsoft က macOS အတွက်ပါ Windows Defender Antivirus Software ကို ထုတ်လုပ်ပေးလိုက်တယ်လို့ သိရပါတယ်။ Microsoft Defender Advanced Threat Protection (ATP) အဖြစ် အမည်ပြောင်းလဲပြီး ထုတ်လုပ်ပေးလိုက်တဲ့ ဒီ Software ဟာ macOS အတွက် Virus နဲ့ Threat တွေကို အပြည့်အဝ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

Mac တွေဟာ Malware တွေကို ခုခံရာမှာ Windows တွေထက်အားနည်းတယ်လို့ ဆိုရမှာပါ။ ဥပမာအားဖြင့် Fake Flash Player installer တွေ၊ Browser exploits နဲ့ Apps တွေလို့ ဆိုရမှာပါ။ ဒီပြဿနာတွေအတွက် Microsoft Defender Advanced Threat Protection က ဖြေရှင်းပေးနိုင်တယ်လို့တော့ Microsoft က ပြောထားပါတယ်။

Microsoft ဟာ ဒီ Antivirus Software ကို စီးပွားရေးလုပ်ငန်းတွေမှာ စမ်းသပ်အသုံးပြုဖို့အတွက်ပဲ အကန့်အသတ်နဲ့ ထုတ်ပေးသေးတာ ဖြစ်ပါတယ်။ အသုံးပြုနိုင်တာတွေကတော့ macOS Mojave, macOS High Sierra နဲ့ MacOS Sierra စတာတွေပဲ ဖြစ်ပါတယ်။ macOS ရဲ့ Client Update ဖြစ်နေဖို့အတွက်တော့ AutoUpdate Software ကို အသုံးပြုမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: 9To5Mac