Microsoft ဟာ အဓိက ပလက်ဖောင်းကြီး လေးခုလုံးအတွက် သူ့ရဲ့ Microsoft Defender Apps ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ Microsoft 365 service ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Online threats အပြင် Local အတွက်ပါ ကာကွယ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတာလည်း ဖြစ်ပါတယ်။

Microsoft Defender Apps ဟာ Windows Defender (အခုတော့ Windows Security အနေနဲ့သိကြ) မဟုတ်ပါဘူး။ Microsoft Defender ဟာ သီးခြား Apps အသစ်တစ်ခုအနေနဲ့ အသုံးပြုသူရဲ့ လုံခြုံရေးလိုအပ်ချက်တွေအတွက် One-stop solution လုပ်ပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

Microsoft Defender ဟာ Windows နဲ့ macOS တွေပေါ်မှာ Built-in ဒါမှမဟုတ် Third-party app တွေနဲ့အတူတူတွဲပြီး အင်တာနက်ပေါ်က Phishing attacks တွေကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် Microsoft Defender ဟာ အခြား Apps တွေနဲ့ သဟဇာတဖြစ်အောင် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

Microsoft Defender ဟာ အလားတူ App ကို Install လုပ်ထားတဲ့ အခြား Devices တွေရဲ့ လုံခြုံရေးအခြေအနေကိုလည်း ပြသနေမှာဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ သတိပေးချက်တွေကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Android မှာ Microsoft Defender ဟာ သူ့ရဲ့ ကိုယ်ပိုင် Antivirus ပါဝင်ပြီး Apps အသစ်တွေအပြင် လက်ရှိ Downloaded လုပ်ပြီးသားတွေကိုလည်း Malware scanning ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Desktop apps လိုမျိုး Web protection လည်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

iOS app ကတော့ အသုံးဝင်မှု နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ သူ့မှာ Web protection ပဲ ပါဝင်တာပါ။ ဒါပေမဲ့ အခြား Apps တွေလိုပဲ လုံခြုံရေးဆိုင်ရာအခြေအနေ၊ အချက်အလက်တွေကို မြင်တွေ့နိုင်ပါတယ်။ ဒီ App ကို ပလက်ဖောင်းအားလုံးအတွက် အခမဲ့ Download ဆွဲခွင့်ပြုထားပေမဲ့လည်း Microsoft 365 subscription လုပ်ထားဖို့တော့ လိုအပ်ပါတယ်။

Ref: GSM Arena