Microsoft ကနေ Edge Browser ကို Google Chrome လိုမျိုးပဲ Chromium Web Engine ကိုပြောင်းလဲလိုက်တာ အချိန်အားဖြင့် လပိုင်းရှိသွားပါပြီ။ Chromium ကိုပြောင်းလဲပြီးထဲက အမြန်နှုန်းမှာရော Feature ပိုင်းမှာပါ ချီးကျူးမှုတွေခံနေရတဲ့ Edge Browser ဟာ မကြာခင်မှာ ကိုယ်ပိုင် Feature အသစ်တွေကိုရရှိလာတော့မှာပါ။

အဆိုပါ Feature အသစ်တွေကတော့ Tabs Bar ကို Screen ရဲ့ ဘေးဘက်မှာထားသုံးနိုင်မယ့် Vertical Tabs ၊ Password Monitoring နဲ့ Tracking Prevention တွေပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Mobile Version မှာလည်း အသုံးဝင်တဲ့ Collections Feature ကိုရရှိလာမှာပါ။

အခုအသစ်လာရလာမယ့် Feature တွေထဲမှာ Vertical Tabs ကတော့ Tabs Bar ကို Screen ရဲ့ ဘယ်ဘက်ကို ရွေ့ထားနိုင်တာက 16:9 Display တွေအတွက် သိသိသာသာကို အသုံးဝင်လာမှာဖြစ်သလို ကိုယ်ဖွင့်ထားတဲ့ Tab တွေကိုလည်း List View အနေနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ Feature က အသစ်ရရှိလာမယ့် Edge Browser ရဲ့ Feature တွေထဲမှာ အသုံးအဝင်ဆုံးဖြစ်လာနိုင်ပါတယ်။

နောက်ထပ်လည်း Microsoft Edge မှာ ကိုယ်ကြိုက်တဲ့ Web Page တွေ၊ Print ထုတ်ချင်တဲ့စာမျက်နှာတွေကို သိမ်းဆည်းနိုင်တဲ့ Collection Feature ထည့်သွင်းလာမှာဖြစ်ပြီး Website တွေရဲ့ Tracking လိုက်နေတာကို ကာကွယ်ပေးနိုင်တဲ့ Feature ၊ Password အခိုးခံရရင် အသိပေးသွားမယ့် Feature တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

အခုပုံစံအတိုင်းဆိုရင်တော့ မကြာခင်မှာ Microsoft Edge Browser ဟာ Google Chrome ထက်တောင် ပိုအောင်မြင်တဲ့ Web Browser တစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – Engadget