Mini Cooper ကားကို လူတိုင်းသိကြမှာပါ။ ရုပ်ရှင်တွေထဲမှာ ခဏခဏပါဝင်ဖူးသလို လူတိုင်းလည်း ကြိုက်ကြတဲ့ကားတစ်စီးပါ။ ဒါပေမယ့် ဟိုးအရင်တုန်းက Mini Cooper ကားကို ယခုခေတ်ပေါ် Electric Car အနေနဲ့ ထုတ်မယ်ဆိုရင်ရော ကြိုက်ကြဦးမှာလား?

Mini ကားကုမ္ပဏီကို ပိုင်ဆိုင်တဲ့ BMW က အခုအချိန်မှာတော့ ပြီးခဲ့တဲ့ New York International Auto Show မှာ Mini Cooper ရှေးဟောင်း Model ကို လျှပ်စစ်ကားအနေနဲ့ ထုတ်လုပ်ပြီးတော့ပြသခဲ့ပါတယ်။

အခု Mini Electric ကားဟာ အပြင်ပန်းက ကြည့်မယ်ဆိုရင်တော့ ယခင်တုန်းက Mini Cooper ကားနဲ့ တူညီတယ်ဆိုပေမယ့် ဓါတ်ဆီ၊ ဒါမှမဟုတ် ဒီဇယ်အင်ဂျင်အစား လျှပ်စစ်မော်တာတွေကိုပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဆီစားတာမရှိတော့ပဲ ကားပြန်သွင်းပြီးပဲမောင်းနှင်ရမှာပါ။

BMW ဟာ ယခင်တုန်းက BMW i3 နဲ့ i8 လိုမျိုး လျှပ်စစ်နဲ့ ဓါတ်ဆီအင်ဂျင်ပေါင်းစပ်ထားတဲ့ မော်တော်ကားတွေကို ထုတ်ဖူးပေမယ့် အခုလိုမျိုး လျှပ်စစ်သီးသန့်ကားကိုတော့ Mini Cooper ကို အသက်ပြန်သွင်းတာကနေ စတင်မယ်လို့ ယူဆရပါတယ်။