[Zawgyi]


  • Mi 9 SE
  • Mi MIX 2
  • Mi MIX 2S
  • Mi 8
  • Redmi Note 7
  • Redmi Note 7 Pro
  • Redmi 7



Ref : gizmochina

[Unicode]

Xiaomi Mi Mix 2 , Mi 9 SE နဲ့ Redmi Note 7 အတွက် MIUI 11 ရပြီ

Xiaomi က Mi 9 Pro , Mi Mix Alpha တို့နဲ့အတူ MIUI 11 ကို ကြေညာခဲ့ပါတယ်။ MIUI 11 မှာ အလန်းစား လုပ်ဆောင်ချက် အသစ်တွေ ပါလာပြီး ဒီဇိုင်းကို လုံး၀ ဆန်းသစ်ထားပါတယ်။ အခုတော့ MIUI 11 ကို Xiaomi က သူ့ရဲ့ Devices တွေအတွက် စတင် ဖြန့်ချိလိုက်ပါတယ်။ အဲဒီ Devices တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

• Mi 9 SE
• Mi MIX 2
• Mi MIX 2S
• Mi 8
• Redmi Note 7
• Redmi Note 7 Pro
• Redmi 7

သိပ်မကြာခင်ကပဲ MIUI 11 ကို Redmi K20 Series တွေအတွက် ဖြန့်ချိပေးခဲ့ပါတယ်။ အခု Update ဟာ Stable Version ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်ကစ ဖြန့်ချိပေးခဲ့တဲ့ Beta Version မဟုတ်ပါဘူး။ အောက်တိုဘာလ ၁၆ ရက်နေ့မှာ Redmi Note 8 Pro နဲ့ စတင် ဖြန့်ချိမယ့် Global Version လည်းမဟုတ်ပါဘူး။

MIUI 11 ရဲ့ Stable Chinese ROM ကို Mi 9, Mi 9 Transparent Edition, Mi 9 SE, Mi Mix 3, Mi Mix 2S, Mi 8, Mi 8 Youth Edition, Mi 8 Explorer Edition, Mi 8 Screen Fingerprint Edition, Mi 8 SE, Mi Max 3, Redmi K20 Pro, Redmi K20 Pro Premium Edition, Redmi K20, Redmi Note 7, Redmi Note 7 Pro နဲ့ Redmi 7 တို့အတွက် အောက်တိုဘာလလယ်မှာ ဖြန့်ချိမယ်လို့ Xiaomi က အရင်က ပြောထားပါတယ်။

Ref : gizmochina