Unicode

၂၀၁၉ ခုနှစ်ထဲမှာ Dota 2 ရဲ့ Arcade Mode တစ်ခုအဖြစ် စတင်ခဲ့တဲ့ Auto Chess ဟာ အခုချိန်မှာတော့ MOBA ဂိမ်းမှန်သမျှ လိုက်ထုတ်ရတဲ့ ဂိမ်းအမျိုးအစားကွဲတစ်ခု ဖြစ်လာခဲ့ပါပြီ။ အရှေ့တောင်အာရှမှာ လူဆော့များ MOBA မိုဘိုင်းဂိမ်း တစ်ခုဖြစ်တဲ့ Mobile Legends ကလည်း သူတို့ရဲ့ဂိမ်းဇာတ်ကောင်တွေအပေါ် အခြေခံပြီး ဂိမ်းနှစ်ခုထုတ်လုပ်လာခဲ့ရာမှာ တစ်ခုက Auto Chess အမျိုးအစား Magic Chess: Bang Bang ဖြစ်ပါတယ်။

ဒါပေမယ့် Magic Chess: Bang Bang ဟာ ဘီတာအဆင့်မှာသာ လည်ပတ်ခဲ့ပြီး ကျွန်တော်တို့ နိုင်ငံအပါအဝင် တော်တော်များများမှာ ဆော့လို့မရခဲ့ပါဘူး။ အခု MLBB Update အသစ်မှာတော့ ဝမ်းသာစရာ ပြောင်းလဲမှုအဖြစ် Magic Chess ကို Standalone App သက်သက်ထုတ်မယ့်အစား ရှိပြီးသား ML ဂိမ်းထဲမှာပဲ Arcade အဖြစ် ထည့်သွင်းလာခဲ့တာပါပဲ။

Magic Chess ကစားချင်တဲ့သူတွေဟာ Mobile Legends App ထဲကိုဝင်ပြီး Arcade ထဲမှာ Download ဆွဲယူဆော့ကစားနိုင်ပါပြီ။ ပိုမိုက်တာကတော့ Magic Chess ကစားသူတွေအတွက် သီးသန့် Rank နဲ့ Leaderboard ထားပေးတာပါပဲ။ သူ့ရဲ့ Rank ကတော့ ပုံမှန် Ranked Match တွေမှာ တစ်ပွဲနိုင်မှ ကြယ်တစ်လုံးတက်တဲ့နှုန်းလောက် သွားကျပြီး တစ်ပွဲလုံးကို ပထမရပြီးနိုင်မှ ရမှတ် ၃၀ ပွိုင့်သာ ရရှိတဲ့အတွက် အခြား Auto Chess ဂိမ်းတွေထက်တော့ Rank တက်ဖို့ အချိန်ပိုကုန်ပါလိမ့်မယ်။

MLBB ရဲ့အခြေခံဟာ League of Legends (LOL) ဖြစ်တဲ့အတွက် Magic Chess မှာလည်း LOL ရဲ့ Auto Chess ဖြစ်တဲ့ Teamfight Tactics(TFT) ကို အခြေခံလာတာ တွေ့ရပါတယ်။ TFT ဟာ လာမယ့်မတ်လမှာ မိုဘိုင်းဖုန်းတွေပေါ် ရောက်လာမှာဖြစ်ပြီး လောလောဆယ်တော့ PC မှာဆော့ကစားနိုင်ပါတယ်။

Zawgyi

၂၀၁၉ ခုႏွစ္ထဲမွာ Dota 2 ရဲ႕ Arcade Mode တစ္ခုအျဖစ္ စတင္ခဲ့တဲ့ Auto Chess ဟာ အခုခ်ိန္မွာေတာ့ MOBA ဂိမ္းမွန္သမွ် လိုက္ထုတ္ရတဲ့ ဂိမ္းအမ်ဳိးအစားကြဲတစ္ခု ျဖစ္လာခဲ့ပါၿပီ။ အေရွ႕ေတာင္အာရွမွာ လူေဆာ့မ်ား MOBA မိုဘုိင္းဂိမ္း တစ္ခုျဖစ္တဲ့ Mobile Legends ကလည္း သူတုိ႔ရဲ႕ဂိမ္းဇာတ္ေကာင္ေတြအေပၚ အေျခခံၿပီး ဂိမ္းႏွစ္ခုထုတ္လုပ္လာခဲ့ရာမွာ တစ္ခုက Auto Chess အမ်ဳိးအစား Magic Chess: Bang Bang ျဖစ္ပါတယ္။

ဒါေပမယ့္ Magic Chess: Bang Bang ဟာ ဘီတာအဆင့္မွာသာ လည္ပတ္ခဲ့ၿပီး ကၽြန္ေတာ္တုိ႔ ႏုိင္ငံအပါအဝင္ ေတာ္ေတာ္မ်ားမ်ားမွာ ေဆာ့လို႔မရခဲ့ပါဘူး။ အခု MLBB Update အသစ္မွာေတာ့ ဝမ္းသာစရာ ေျပာင္းလဲမႈအျဖစ္ Magic Chess ကုိ Standalone App သက္သက္ထုတ္မယ့္အစား ရွိၿပီးသား ML ဂိမ္းထဲမွာပဲ Arcade အျဖစ္ ထည့္သြင္းလာခဲ့တာပါပဲ။

Magic Chess ကစားခ်င္တဲ့သူေတြဟာ Mobile Legends App ထဲကိုဝင္ၿပီး Arcade ထဲမွာ Download ဆြဲယူေဆာ့ကစားႏုိင္ပါၿပီ။ ပိုမုိက္တာကေတာ့ Magic Chess ကစားသူေတြအတြက္ သီးသန္႔ Rank နဲ႔ Leaderboard ထားေပးတာပါပဲ။ သူ႕ရဲ႕ Rank ကေတာ့ ပုံမွန္ Ranked Match ေတြမွာ တစ္ပြဲႏုိင္မွ ၾကယ္တစ္လုံးတက္တဲ့ႏႈန္းေလာက္ သြားက်ၿပီး တစ္ပြဲလုံးကို ပထမရၿပီးႏုိင္မွ ရမွတ္ ၃၀ ပြိဳင့္သာ ရရွိတဲ့အတြက္ အျခား Auto Chess ဂိမ္းေတြထက္ေတာ့ Rank တက္ဖို႔ အခ်ိန္ပိုကုန္ပါလိမ့္မယ္။

MLBB ရဲ႕အေျခခံဟာ League of Legends (LOL) ျဖစ္တဲ့အတြက္ Magic Chess မွာလည္း LOL ရဲ႕ Auto Chess ျဖစ္တဲ့ Teamfight Tactics(TFT) ကို အေျခခံလာတာ ေတြ႕ရပါတယ္။ TFT ဟာ လာမယ့္မတ္လမွာ မုိဘုိင္းဖုန္းေတြေပၚ ေရာက္လာမွာျဖစ္ၿပီး ေလာေလာဆယ္ေတာ့ PC မွာေဆာ့ကစားႏုိင္ပါတယ္။