[Zawgyi]

iPhone Users ေတြက Apple ကို သစၥာေဖာက္ေနၾကၿပီလို႔ ထင္ရပါတယ္။ BankMyCell က iPhone ပိုင္ရွင္ အနည္းငယ္ကသာ iPhone အသစ္မ်ားနဲ႔ လဲလွယ္ၾကတယ္လို႔ ေျပာပါတယ္။ BankMyCell ဟာ ေငြေၾကးအလိုက္ ရယူၿပီး စမတ္ဖုန္း အေဟာင္းမ်ားကို စမတ္ဖုန္း အသစ္မ်ားနဲ႔ လဲလွယ္ေပးတဲ့ ကုမၸဏီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကေန ဒီႏွစ္ ဇြန္လအတြင္းမွာ ဖုန္း အေဟာင္းမ်ားကို ဖုန္း အသစ္မ်ားနဲ႔ လဲလွယ္ခဲ့ၾကတဲ့ လူေပါင္း ၃၈ ၀၀၀ ေက်ာ္ရဲ႕ ေဒတာမ်ားကို ေကာက္ယူခဲ့ၾကတာပါ။ Upgrade Cycle မွာ Apple Brand ကို သစၥာရွိမႈကို တိုင္းတာခ်င္လို႔ ဒီစစ္တမ္းကို ျပဳစုခဲ့ၾကတာပါ။

ဇြန္လမွာ iPhone ပိုင္ရွင္ ၁၈.၁ ရာခိုင္ႏႈန္းဟာ Samsung Devices မ်ားကို ေျပာင္းကိုင္ခဲ့ၾကတယ္လို႔ စစ္တမ္းက ေဖာ္ျပထားပါတယ္။ ဒါဟာ iPhone ကေန Samsung ေျပာင္းကိုင္တဲ့ အျမင့္ဆံုး အေနအထား ျဖစ္ပါတယ္။

Samsung အေပၚ သစၥာရွိမႈက ပိုမိုျမင့္မားေနပါတယ္လို႔ BankMyCell က ေျပာပါတယ္။ Galaxy S9 ပိုင္ရွင္ ၇.၇ ရာခုိင္ႏႈန္းကသာ iPhone ကို ေျပာင္းကိုင္ၾကပါတယ္။ ၉၂.၃ ရာခုိင္ႏႈန္းက Android Operating System ကိုသာ သစၥာရွိစြာ ဆက္ကိုင္ေနၾကပါတယ္။ ၂၆ ရာခုိင္ႏႈန္းဟာ iPhone X ကို အပ္ၿပီး အျခား ဘရန္းကို ေျပာင္းကိုင္ၾကပါတယ္။

ဒီကိန္းဂဏန္းမ်ားက Apple နဲ႔ Samsung အေပၚ သစၥာရွိမႈကို ျပသေနပါတယ္။ BankMyCell က သူ႔ထံမွာ ဖုန္း လဲလွယ္တဲ့ လူမ်ားကိုသာ တြက္ခ်က္ထားတာ ျဖစ္ပါတယ္။ အဲဒီအတြက္ iPhone Users အားလံုး အတြက္ အက်ံဳးမ၀င္ပါဘူး။ ဒီစစ္တမ္းထဲမွာ Apple , Carrier Stores နဲ႔ Auction Sites မ်ားမွ ဖုန္းလဲလွယ္မႈမ်ား မပါ၀င္ပါဘူး။

Ref : cnet

[Unicode]

iPhone အဟောင်းများကို Android Phone အသစ်များနဲ့ လဲလှယ်မှု များပြားလာ

iPhone Users တွေက Apple ကို သစ္စာဖောက်နေကြပြီလို့ ထင်ရပါတယ်။ BankMyCell က iPhone ပိုင်ရှင် အနည်းငယ်ကသာ iPhone အသစ်များနဲ့ လဲလှယ်ကြတယ်လို့ ပြောပါတယ်။ BankMyCell ဟာ ငွေကြေးအလိုက် ရယူပြီး စမတ်ဖုန်း အဟောင်းများကို စမတ်ဖုန်း အသစ်များနဲ့ လဲလှယ်ပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ဒီနှစ် ဇွန်လအတွင်းမှာ ဖုန်း အဟောင်းများကို ဖုန်း အသစ်များနဲ့ လဲလှယ်ခဲ့ကြတဲ့ လူပေါင်း ၃၈ ၀၀၀ ကျော်ရဲ့ ဒေတာများကို ကောက်ယူခဲ့ကြတာပါ။ Upgrade Cycle မှာ Apple Brand ကို သစ္စာရှိမှုကို တိုင်းတာချင်လို့ ဒီစစ်တမ်းကို ပြုစုခဲ့ကြတာပါ။

ဇွန်လမှာ iPhone ပိုင်ရှင် ၁၈.၁ ရာခိုင်နှုန်းဟာ Samsung Devices များကို ပြောင်းကိုင်ခဲ့ကြတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ ဒါဟာ iPhone ကနေ Samsung ပြောင်းကိုင်တဲ့ အမြင့်ဆုံး အနေအထား ဖြစ်ပါတယ်။

Samsung အပေါ် သစ္စာရှိမှုက ပိုမိုမြင့်မားနေပါတယ်လို့ BankMyCell က ပြောပါတယ်။ Galaxy S9 ပိုင်ရှင် ၇.၇ ရာခိုင်နှုန်းကသာ iPhone ကို ပြောင်းကိုင်ကြပါတယ်။ ၉၂.၃ ရာခိုင်နှုန်းက Android Operating System ကိုသာ သစ္စာရှိစွာ ဆက်ကိုင်နေကြပါတယ်။ ၂၆ ရာခိုင်နှုန်းဟာ iPhone X ကို အပ်ပြီး အခြား ဘရန်းကို ပြောင်းကိုင်ကြပါတယ်။

ဒီကိန်းဂဏန်းများက Apple နဲ့ Samsung အပေါ် သစ္စာရှိမှုကို ပြသနေပါတယ်။ BankMyCell က သူ့ထံမှာ ဖုန်း လဲလှယ်တဲ့ လူများကိုသာ တွက်ချက်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် iPhone Users အားလုံး အတွက် အကျုံးမဝင်ပါဘူး။ ဒီစစ်တမ်းထဲမှာ Apple , Carrier Stores နဲ့ Auction Sites များမှ ဖုန်းလဲလှယ်မှုများ မပါဝင်ပါဘူး။

Ref : cnet