[Zawgyi]





Ref – GSM Arena

[Unicode]

[Zawgyi]

အခုနှစ် ဖေဖော်ဝါရီမှာ Moto G7 မိသားစုကိုမိတ်ဆက်ခဲ့ပြီးနောက် ငြိမ်ချက်သားကောင်းနေတဲ့ Motorola ဟာ အခုခါမှာတော့ Moto E6 စီးရီးနဲ့ပတ်သက်တဲ့ အချက်အလက်တွေပေါက်ကြားလာခဲ့ပြီးနောက် ရိုးရိုး Vanilla မော်ဒယ် E6 ဆီကနေ ဘာတွေမျှော်လင့်နိုင်မလဲဆိုတဲ့ အဖြေထွက်လာခဲ့ပါတယ်။

လျှို့ဝှက်အမည် “Surfna” လို့ပေးထားတဲ့ Moto E6 ဖုန်းဟာ အတွင်းမှာ Snapdragon 430 ချစ်ပ်ဆက်ကို 2GB RAM မန်မိုရီနဲ့ တွဲဖက်ထားတယ်။ ဒီစမတ်ဖုန်းမှာ 5.45” လက်မအရွယ် 1440 x 720p Display တစ်ခု ပါဝင်ကာ ရှေ့ဘက်မှာ ဆယ်ဖီအတွက် Samsung ရဲ့ 5MP f/2.0 ISOCELL Sensor တစ်ခု ထည့်သွင်းထားတယ်။

E6 ရဲ့နောက်ဖက်ကိုယ်ထည်မှာတော့ 13MP Samsung ISOCELL ကိုထပ်မံအသုံးပြုထားပြီး Aperture ကတော့ ဆယ်ဖီနဲ့အတူတူ (f/2.0) ပါပဲ။ ဒီစမတ်ဖုန်းမှာ Android Pie ကိုအသုံးပြုလာပြီး Storage အနေနဲ့တော့ 16GB နဲ့ 32GB တို့ကို ရွေးချယ်နိုင်မယ်။

Moto E6 အတွက် ဘက္ထရီပိုင်းကို မသိရသေးပေမယ့် E5 တုန်းက 4,000 mAh ဘက္ထရီကြီး ပါဝင်ခဲ့တာကြောင့် အဲ့ဒီပမာဏလောက်နဲ့ပဲ ထွက်လာနိုင်မယ်လို့ ထင်ပါတယ်။ Moto E5 စီးရီးကို မနှစ်က ဧပြီလမှာ မိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် E6 ကိုလည်း မကြာခင်ထုတ်ပြလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena