Moto E6 ကို ဇူလိုင်လက ကြေညာခဲ့ပြီး အခုတော့ အဲဒီဖုန်းရဲ့ မျိုးဆက်သစ် သတင်းထွက်လာပါပြီ။ Motorola Moto E7 ကို အရင်လက  Google Play Console မှာ တွေ့ခဲ့ရပြီး  အခုတော့ Hands-on ဓါတ်ပုံနဲ့ Specs တချို့ထွက်ပေါ်လာပါတယ်။

Moto E7 မှာ Snapdragon 632 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 2/32GB နဲ့ 4/64GB အမျိုးအစားတွေ ရွေးချယ်နိုင်မှာပါ။ Android 10 ပါလာမှာ ဖြစ်ပြီး လျှို့ဝှက်နာမည်က ginna ဖြစ်ပါတယ်။ အရင်သတင်းတွေအရ ၆.၂ လက်မ 720x1520p မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 13MP+2MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ပါလာမှာပါ။ 3,550mAh ဘက်ထရီ ထည့်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ Motorola Logo ထည့်ထားမှာပါ။

မျက်နှာပြင်မှာ အရွယ်သေး Notch တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားနိုင်ပါတယ်။ တန်ဖိုးနည်းဖုန်းမှာ ဖန်နဲ့ ဖုံးအုပ်ထားတာ မဖြစ်နိုင်ဘဲ ဖန်နဲ့ တူတဲ့ ပလတ်စတစ်ကို သုံးထားတာ ဖြစ်နိုင်ပါတယ်။ Moto E6 ရဲ့ Snapdragon 435 ထက် ပိုကောင်းလာတာက မိုက်ပေမယ့် 720p+ မျက်နှာပြင်ပဲ ပါလာတာက ၂၀၂၀ မှာ သိပ်မမိုက်တော့ပါဘူး။ အခြေခံ မော်ဒယ်မှာ Storage ကို တိုးမြှင့်ထားပြီး ဘက်ထရီကလည်း ဒီအတိုင်း ဖြစ်ပါတယ်။

Ref : gsmarena